Thursday, January 30, 2014

အဲပုဂံလေယာဉ်ပျက်ကျမှု အစီရင်ခံစာ ICAO မှတ်ချက် ပြည်တွင်းလေကြောင်းလိုင်းများသို့ ဖြန့်ဝေမည်

ဟိန်းကိုစိုး

အဲပုဂံလေယာဉ်ပျက်ကျပြီး တစ်နှစ်ကျော်အကြာတွင်ထွက်ရှိလာသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို မှတ်ချက်ပေးရန် နိုင်ငံတကာလေကြောင်းအဖွဲ့ အိုင်ကာအိုထံသို့ ဇန်န၀ါရီ ပထမပတ်အတွင်းက ပေးပို့ထားပြီး ပြန်လည်ရောက်ရှိလာပါက ပြည်တွင်းလေကြောင်းလိုင်းများသို့ ဖြန့်ဝေပေးသွားမည်ဟု လေယာဉ်ပျက်ကျမှုတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ လေကြောင်းညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။

အိုင်ကာအို (International Civil Aviation Organization)သည် ကုလသမဂ္ဂ၏ အထူးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လုံခြုံ၍ စနစ်ကျသော နိုင်ငံတကာလေကြောင်းပို့ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံတ ကာ လေကြောင်းလိုင်းများအတွက် စည်းမျဉ်းစည်းကမ်းများနှင့် နည်းလမ်းများကို စနစ်တကျ စီစဉ်ပေါင်း စုပေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

“အခု အိုင်ကာအိုကို ပို့ထားတယ်။ သူတို့ဆီက မှတ်ချက်တွေပြန်ပို့မှာကို စောင့်နေတာ။ မှတ်ချက်တွေရ ရင်တော့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ပို့ပေးဖို့ အစီအစဉ်ရှိတယ်”ဟု ဦးဝင်းဆွေထွန်းက ပြော သည်။

လေယာဉ်ပျက်ကျမှုအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို လေယာဉ်ပျက်ကျမှုဖြစ်ပေါ်ပြီး တစ် နှစ်ခန့်အကြာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကာ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ပို့ဆောင် ထားသည်။ နိုင်ငံတကာ လေကြောင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အိုင်ကာအိုကိုမူ ၂၀၁၄ ဇန်န၀ါရီ ပထမပတ်အတွင်း ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

အစီရင်ခံစာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလေကြောင်းလိုင်း အဲပုဂံမှ လူထုဆက်သွယ်ရေးဌာနသို့ ဆက် သွယ်မေးမြန်းရာတွင် အချိန်မီပြန်လည်ဖြေကြားပေးရန် အခက်အခဲကြောင့် ပြန်လည်ဖြေကြားမပေးနိုင်ခဲ့ ပေ။

အဲပုဂံမှ ဖော်ကာ F.100လေယာဉ်အမှတ်XY-AGC သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ၂၅ ရက်က မန္တလေး-ဟဲဟိုး ခရီးစဉ်အတွင်း ဟဲဟိုးလေဆိပ်အဆင်းတွင် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျမှု ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

No comments: