မိုးဇေညိမ်း
မကြာသေး မီက ဖြစ်ပွားခဲ့ တဲ့ ဘာသာရေး ပဋိပက္ခ တွေမှာ နအဖ ခေတ်က နာမည်ကြီး ဗီလိန်တွေ ဖြစ်တဲ့ စွမ်းအား ရှင်တွေ ပါဝင်ပတ် သတ်နေ တယ်ဆိုတဲ့ သ တင်း တစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။ စွမ်းအား ရှင် တွေကို ပြည်သူတွေ မုန်းတီး ရွံရှာ ကြပါ တယ်။ ဒါပေမဲ့ စွမ်းအားရှင် ဆိုတာ၊ ဘယ်သူ တွေလဲ၊ ဘယ်လို ဖွဲ့ စည်းလုပ် ကိုင်သ လဲ ဆိုတာ ကိုတော့၊ စစ်အစိုး ရ လက်အောက် က တခြားသော လူထု ဖိနှိပ်ရေး လျှို့ဝှက် ယန္တရား တွေလို၊ အဖြစ်ပျက် တွေလိုပဲ အဆန်း တ ကျယ် ကိစ္စ တခု လိုဖြစ် နေပြီး တိတိကျ ကျ ပေးနိုင်ကြ တာမတွေ့ ရပါဘူး။
တချို့ ကျတော့ လည်း နီးစပ်ရာ အလိုက် ဘယ်သူ ကတော့ စွမ်းအား ရှင်ဆိုတဲ့ ထဲမှာ ပါတယ် လို့ သိကြ တာတွေတော့ ရှိပါ တယ်။ ဒါ့ကြောင့် မို့အာ ဏာ ရှင် တွေ ရဲ့ နောက် ဆုံးပေါ် အသုံးအ ကျဆုံး လူထု ဖိနှိပ်မှု အဖွဲ့ အစည်း တစ်ခု အကြောင်း ကို ဒီမိုကရေ စီနဲ့လူ့အခွင့် အရေး ဘက်တော် သားတွေ ရေရေ ရာရာ သိရှိ ထားဖို့ လိုအပ် ပါတယ်။ စွမ်းအား ရှင်တွေကို ရဲ၊ စစ်တပ်၊ အခြား လုံခြုံရေး အဖွဲ့ အစည်း တွေနဲ့ ပေါင်းစပ် တာဝန် ထမ်းဆောင် ဖို့ဘယ် လို စီမံခဲ့ တယ် ဆိုတာ မူရင်း စီမံချက် အထောက် အထားတွေ၊ ဓာတ်ပုံတွေ ၊နှစ်ရှည် လများ စွန့်စား စုဆောင်း ခဲ့တဲ့ အချက် လက်တွေနဲ့ အဖြစ်နိုင် ဆုံးပြည့်စုံ အောင် တင်ပြလိုက် ပါ တယ်။
စွမ်းအားရှင်တို့ ဘယ်လိုပေါ်လာလဲ
၂၀၀၇ ခုနှစ်၊ သံဃာ့ အရေး အခင်း ကာလ နောက်ပိုင်း မှာ ပြည်သူတွေ အကြား မှာ မသတီစရာ အကြောင်း အရာ တစ်ခု ပြန့်နှံ့ လာခဲ့ပါ တယ်။ အဲ့ဒါ ကတော့ “စွမ်းအား ရှင်” ဆိုတဲ့ စကားလုံး ပါပဲ။ သံဃာ့ အရေး အခင်း ကာလမှာ သံဃာ တော်နဲ့ ပြည်သူတွေ ကို အကြမ်း ဖက်နှိမ်နှင်း ခဲ့ကြ တဲ့ စစ်တပ် တွေ၊ ရဲတွေနဲ့ တစ် တန်းတည်း ထားပြီးစွမ်း အားရှင် ဆိုတဲ့ လူတွေကို လည်း မုန်းတီး ခဲ့ကြပါ တယ်။ စွမ်းအား ရှင် ဆိုတဲ့ သူတွေဟာ ပြည်သူ ထဲက ပြည်သူတွေ ပါပဲ။ ဒါပေမဲ့ စစ်အ စိုး ရရဲ့ဖိနှိပ်မှု ယန္တရား ထဲက ခွေးသွား စိတ်လေး တစ်ခုမို့ “အသားထဲ က လောက်ထွက် တဲ့သူတွေ” လို့ ပြည်သူ တွေက သတ်မှတ် ခဲ့ကြပါ တယ်။
တကယ် ကတော့ နိုင်ငံ တကာရဲ့ အာဏာရှင် တွေ သမိုင်းမှာ အိုင်ဒီယာ အသစ် တခုတော့ မဟုတ်လှ ပါဖူး။ ဟစ်တလာ ရဲ့ရှပ်ညို တပ်တွေလို အာဏာ ရှင် တွေ ရဲ့ ဒေါက်တိုင် လက်ကိုင် အဖွဲ့ စည်း တခု အဖြစ်နဲ့  စွမ်းအား ရှင်တွေ ကို စုဖွဲ့ ထားခဲ့ တာပါ။ လက်တွေ့မှာ စွမ်းအား ရှင်တွေ ကို စပြီး အောင်မြင် စွာအ သုံးပြုနိုင် ခဲ့တာ ကတော့ နာမည်ကျော် ဒီပဲရင်း အရေးခင်း မှာဖြစ် ပါတယ်။
၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့က ဒီပဲ ယင်းမြို့၊ ရွာသစ် ရွာ အနီးမှာ ဒေါ်အောင် ဆန်းစုကြည် နဲ့ NLD ပါတီဝင် တွေရဲ့ယာဉ်တန်း ကို အကြမ်းဖက် တိုက်ခိုက် ရာ မှာ အစိုး ရနဲ့  ကြံ့ဖွံ့ တို့ရဲ့ လက်ကိုင် တုတ် လူမိုက်တွေ ကို အသုံးပြု ခဲ့ပါတယ်။ ဒါပေမဲ့ သတင်း ထုတ်ပြန်တဲ့ အခါမှာ တော့ NLD ကို မလို လားသော လူစု လူဝေး လို့သာ သုံးနှုန်း ခဲ့ ပါတယ်။ အတိုက် အခံတွေ ကို နှိပ်ကွပ်တဲ့ အခါ နအဖ အတွက် ဒီလိုလူမိုက် တွေဟာ အင်မတန် အသုံး တည့်ကြောင်း ဒီပဲယင်း အ ကြမ်း ဖက်မှု မှာသိရှိ သွားပါ တယ်။ ပြောရ မယ်ဆို ရင်တော့ ဒီပဲယင်း အရေးအခင်း ဟာ စွမ်းအား ရှင်တွေ ရဲ့ ပွဲဦးထွက် ပါပဲ။
ဒီ့နောက် ပိုင်းမှာတော့ အစိုးရ ကို ဆန့်ကျင် တဲ့ လှုပ်ရှားမှု တွေကို နှိမ်နှင်းဖို့ အတွက် စွမ်းအား ရှင်တွေ ကို စုဖွဲ့ စည်းရုံး ခဲ့ပါတယ်။ စွမ်းအား ရှင်တွေကို စည်းရုံး တဲ့ နေရာ မှာ အဓိက သတ်မှတ် ထားတဲ့ အရည် အချင်း ကတော့ လက်ရဲ ဇက်ရဲ၊ လုပ်ရဲ ကိုင်ရဲ ရှိဖို့နဲ့ အစိုးရ ဒေါက်တိုင် တွေဖြစ် တဲ့ ရဲ၊ ကြံ့ဖွံ့ တို့က ခိုင်းတာကို တသဝေ မတိမ်း နာခံတတ် တဲ့သူ တွေဖြစ် ဖို့ပဲ အဓိက ထားရွေး ချယ်ခဲ့ပါ တယ်။
စွမ်းအား ရှင် တွေရဲ့ အောက်ခြေ အဆင့်တွေ ကတော့ ရဲ၊ ရ၀တ စတဲ့ ဒေသ အုပ်ချုပ်ရေး တွေကို ဥပဒေအရ မကင်းနိုင် တဲ့ငြိစွန်း တဲ့ကိစ္စတွေ မှာပက်သက်နေ လို့ မလွန် ဆန်နိုင် တဲ့၊ ချဲ၊ နှစ်လုံး ထီ၊ လောင်းကစား လုပ်ငန်းတွေ၊ အသေးစား ဒုစရိုက် မှုလေးတွေ နဲ့ ပတ်သတ်နေ တာမို့ ရဲတွေ ခိုင်းသမျှ လုပ်နေ ရသူတွေ၊ ရပ်ကွက် လူမိုက် တွေနဲ့ နိုင်ငံရေး အကြောင်း နားမလည် တဲ့ အလုပ် အကိုင်မဲ့၊ အခြေ အနေမဲ့ လူတွေ စသဖြင့် ပါဝင် ခဲ့ပါတယ်။ ဒီလူတွေ ကို ကွပ်ကဲတဲ့ အထက် အဆင့်နေ ရာတွေ မှာတော့ နအဖ အစိုးရ နဲ့ မကင်းရာ မကင်းကြောင်း လုပ်ငန်း ရှင်တွေ၊ ချဲဒိုင်၊ နှစ်လုံး ဒိုင်တွေ၊ ကြံဖွံ့ ပါတီက လူတွေ၊ မီးသတ် နဲ့ ရယကတို့ ပါဝင် ပါတယ်။
စွမ်းအားရှင် ဆိုတာ ဘာလဲ
စွမ်းအား ရှင် ဆိုတဲ့ စကားလုံး ကို အစိုးရက တရားဝင် ဖော်ထုတ် စတင် အသုံးပြုခဲ့ တာ ကတော့ ၂၀၀၆ ခုနှစ်၊ နိုဝင် ဘာလ (၂) ရက်နေ့ မှာ ပြုလုပ်ခဲ့ တဲ့ နအဖ သတင်း စာရှင်းလင်း ပွဲ (၇/၂၀၀၆) မှာ ဖြစ်ပါ တယ်။ အဲဒီ့ သတင်း စာရှင်း လင်းပွဲ မှာ စွမ်းအား ရှင် ဆိုတဲ့ စကားလုံး နဲ့ ပတ်သတ်ပြီး “မီးသတ်၊ကြက်ခြေနီ၊ ရယ ကစသဖြင့် အဲဒီ ပုဂ္ဂိုလ်တွေ ဟာ လစာရိက္ခာ တစ်ပြား တစ် ချပ်မှ မယူဘဲ နဲ့ သီးခြား စေတနာ အလျှောက် ကူညီပေး တဲ့ စွမ်းအား များဖြစ်တဲ့ အတွက် ကြောင့် ဒီပုဂ္ဂိုလ် များကို စွမ်းအားရှင် လို့ နိုင်ငံတော် က စာလုံးရွေး ချယ် သတ်မှတ် ပြီးတော့ ဂုဏ်ပြု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်” (၃-၁၁-၂၀၀၆ ရက်နေ့ ထုတ်မြန်မာ့ အ လင်းသတင်းစာ၊ စာမျက်နှာ ၁၃) လို့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောခဲ့ ပါတယ်။
တကယ်တော့ ဗိုလ်မှူးချုပ် ခင်ရီဟာ စွမ်းအားရှင် ဆိုတာ ဘယ်သူတွေ လဲဆိုတဲ့ မေးခွန်းကို လိမ်ညာ ပြောဆိုပြီး တည့်တည့် မပြောပဲ၊ တဖက် လှည့်နဲ့  စွမ်းအား ရှင် အဖွဲ့ စည်းကို တရားဝင် အောင် ၊အမိန့် ကြေညာစာ မထုတ်ပဲ ဥပဒေ ဘောင် စသွင်း သွားခဲ့တာ သာ ဖြစ်ပါ တယ်။ နအဖရဲ့ ခိုင်းဖတ် လက်ကိုင် တုတ် လူ မိုက်တွေ အဖြစ်ကို မရေမရာ အ ဖြေ နဲ့ ဖုံးကွယ်သွား ခဲ့တာပါ။ အဲဒီ့ လက်ကိုင် တုတ် တွေဟာ ရယက တွေ၊ မီးသတ်တွေ မဟုတ်ကြ ပါဘူး။ စွမ်းအားရှင် တွေ ဟာ ရယက၊ အရန်မီး သတ် တို့ထက် ကြံ့ဖွံ့ အဖွဲ့က လူတွေနဲ့ ပိုပြီးနီးစပ်၊ ရော ယှက်မှု ရှိပါတယ်။
ရဲတပ်ဖွဲ့ က ရေး ဆွဲခဲ့တဲ့ လုံခြုံရေး စီမံချက်တွေ ကို ပြန်လည် လေ့ လာကြည့် တဲ့ အခါမှာ “မိတ်ဖက် အဖွဲ့ အစည်း များ” ဆိုတဲ့ ခေါင်းစဉ် အောက် မှာ (၁) မြို့နယ် / ရပ်ကွက် အေး ချမ်းဖြိုး ကောင်စီ ၀င် များ (၂) မီးသတ် များ (၃) အရန် ရဲ များ (၄)စွမ်းအား ရှင် များ (၅) ကြက်ခြေနီ များ (၆) ပြည်ခိုင်ဖြိုး ပါတီဝင် များဆိုပြီး သီးသန့် အင်အား အနေနဲ့ ထည့်သွင်း ဖော်ပြတာ ကို တွေ့နိုင် ပါ တယ်။ နအဖ အစိုးရဟာ တကယ်တော့ စွမ်းအား ရှင် တွေကို စနစ်တကျ စုဖွဲ့ပြီး ဆန္ဒပြမူ တွေ ကိုဖြိုခွဲ ဖို့နဲ့၊ လူထုကို ကြောက်လန့် အောင်၊ မလှန် ရဲအောင် ဖိနှိပ်ရေး အင်အားစု တစ်ခု အနေနဲ့ အသုံးချ နိုင်ဖို့ အကြံ စည်ရှိရှိ ကျကျ နနစီစဉ်ခဲ့ တာပါ။
အရှင်းဆုံး နဲ့ အတိုချုပ် ပြောရရင် တော့စွမ်း အားရှင် ဆိုတာဟာ ပြည်သူ ထဲက ပဲဖြစ်ပေမဲ့၊ အရပ်သား တွေ ဖြစ်ပေ မဲ့အာဏာရှင် တွေရဲ့ လိုအပ်ချက် အ တိုင်း ပြည် သူတွေ ပေါ်ဖိနှိပ် ဖို့ အတွက် စနစ် တကျ ဖွဲ့ထားတဲ့ လက်ကိုင် ဒုတ် အဖွဲ့ အစည်းဖြစ် လို့  အာဏာရှင် ရဲ့လက်မရွံ့ တပ်လို့ ခေါ်နိုင် ပါတယ်။
စွမ်းအားရှင်တို့ ဘယ်လိုစွမ်းလဲ
၂၀၀၃ ခုနှစ်၊ ဒီပဲယင်း အရေး အခင်းနဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ တွေမှာ လက်ရဲ ဇက်ရဲလုပ်နိုင် တဲ့စွမ်းအား ရှင် တွေရဲ့အစွမ်း ကို နအဖ အ စိုးရက အတော်ကြီးသဘောကျ နှစ်ခြိုက်ခဲ့ ပါတယ်။ ဒါကြောင့် မို့ စွမ်း အားရှင် တွေကိုစနစ် တကျစုဖွဲ့ စည်းရုံးမှု တွေ လုပ်ဖို့ မြို့ နယ်၊ရပ်ကွက် အဆင့် အုပ် ချုပ်ရေး တွေ ကို အထက်က ညွန် ကြား ချက်တွေ အကြိမ်ကြိမ် ထုတ်ပြီးလက်မရွံ့ စွမ်းအားရှင် တပ်တွေ ပေါ်ပေါက် လာဖို့ အတော်ကို အာရုံစိုက် လုပ် ကိုင် ခဲ့ပါ တယ်။ NLD ပါတီနဲ့ တက်ကြွ လှုပ်ရှား သူတွေရဲ့ဆန္ဒပြပွဲ တွေကို စွမ်းအားရှင် တွေအင်အား နဲ့ ၀င်ရောက် ဖျက် ဆီး ဖြိုခွင်းဖို့ အဓိက ရည်ရွယ်ချက် ထားခဲ့တာပါ။
ရွှေဝါရောင် တော်လှန်ရေး မတိုင်မီ ကာလ ဆန္ဒပြပွဲ တွေမှာ လည်း စွမ်းအားရှင် တွေကို အသုံး ချပြီး ဆန္ဒပြသူ တွေကို ဖမ်းဆီးတာ တွေ လုပ်ခဲ့ ပါတယ်။ အထူး သဖြင့် စွမ်းအားရှင် တွေကိုမြို့နယ်တိုင်း၊ ရပ်ကွက် တိုင်းမှာ သီးခြား အဆင် သင့် အင်အား အဖြစ်ရှိ ဖို့ကိုအထူး အာရုံစိုက် လာခဲ့တာ က ရွှေဝါရောင် မတိုင်ခင် ကိုထင်ကျော် နဲ့အဖွဲ့ရန်ကုန်မြို့ လည် ခေါင်မှာ လုပ်ခဲ့တဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးပထမ ဆုံးဆန္ဒပြ ပွဲကြောင့်ပါ။
အဲဒီ့ ဆန္ဒပြပွဲ ဟာ မမျှော် လင့်ပဲအ ချိန်တို အတွင်း၊ တော်တော်ကြီး သွားပြန့်သွား တာကို၊ သက်ဆိုင်ရာမြို့နယ် အာဏာ ပိုင်တွေ ဖက်က အချိန်မှီ တုန့် ပြန် ဖမ်း ဆီးတာ လုပ်ဖို့အဆင်သင့် မဖြစ်ခဲ့ပဲ အငိုက်မိ သွားခဲ့ ပါတယ်။ ဒါ့ကြောင့်မို့အဲဒီ့အဖြစ်ပျက် အပြီးမှာ မြို့နယ် အဆင့် အုပ်ချုပ်ရေး မှူးတွေ၊ရဲနဲ့ လုံခြုံရေး အဖွဲ့တွေ၊ တာဝန်ရှိတဲ့ အရာရှိတွေ တော်တော် များများ ခုံရုံးဖွဲ့ အစစ်ခံရ တဲ့အထိ ဖြစ်သွား ခဲ့ပါတယ်။ အာဏာ ပိုင်တွေ အတွက်တော့ တော်တော် ကို သင်ခန်းစာ ရသွား ခဲ့တဲ့ ဖြစ်စဉ်ပါ။
ဆန္ဒပြသူ ကိုထင်ကျော် အား ဖမ်းဆီးရန် နောက်ကျခဲ့ သည့်အတွက် တာဝန်ရှိသူ များအား အရေးယူ ရန် စုံစမ်း စစ် ဆေးသည့် အစီရင်ခံစာ
အဲသည် ဖြစ်စဉ် နောက် ပိုင်းမှာတော့စွမ်းအားရှင် တွေမြို့နယ်၊ ရပ်ကွက် တိုင်းမှာ လုံခြုံရေး၊ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေနဲ့ တွဲပြီး အဆင် သင့်စုဖွဲ့၊ အသင့်ရှိ နေဖို့ အစိုးရ အာဏာပိုင် တွေကသေသေ ချာချာ စီစဉ်ခဲ့ကြ ပါတယ်။ စွမ်း အားရှင်တွေ ဟာ ၀န်ထမ်းတွေ မဟုတ်၊ဆံပင်ပုံစံ၊ အ၀တ်အစား ပုံစံတွေက အစ ၀န်ထမ်းတွေ လို မဟုတ်တာကြောင့် ရဲတို့၊မီးသတ် တို့နဲ့ ဖမ်းတာ ထက်စာရင် လူမြင်ကောင်း သလိုသတင်းစာ ရှင်းလင်းပွဲတွေ မှာလည်း “ဆူပူမှုကို မလို လား သော ပြည်သူ တစ်စုမှဖမ်းဆီး ထိန်းသိမ်းခဲ့” လို့ ပြည်သူ နာမည်ကို ခုတုံးလုပ်၊ ခေါင်းစဉ်ပေးနိုင်တာ ကို နအဖ က အင်မတန် သဘောကျ ခဲ့ပါတယ်။ ဆန္ဒပြတဲ့ သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ အခါမှာ ယူနီဖောင်း ၀တ်တွေကို မ သုံး ဖို့နဲ့ အရပ်ဝတ် လူတွေကိုပဲအသုံးချပြီး ဖမ်းဆီးဖို့၊ ဆန္ဒပြမှု ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး အထက်ကိုတင်ပြတဲ့ အခါ မှာလည်း အစိုးရ အဖွဲ့အစည်း တွေအစား ဆူပူမှု ကို မလိုလား သောပြည်သူများ ဆိုတဲ့ စကားလုံး နဲ့ အသုံးပြုဖို့ ညွှန် ကြားခဲ့ပါတယ်။
စွမ်းအားရှင်တို့ရဲ့ လက်စွမ်းပြမှုများ
စွမ်းအား ရှင်တွေကို အသုံး ချပြီး ဖမ်းဆီး ခဲ့တဲ့ဖြစ်စဉ် အချို့ကို ပြောရမယ် ဆိုရင်တော့ -
(၁) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့မှာဆူးလေး ဘုရားအနီး ဧမာနွေလ ဘုရားကျောင်း ရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ NLD မှဒေါ်စန်း စန်းမြင့် နဲ့ အပေါင်း အပါ (၁၇) ဦးကို စွမ်းအားရှင် တွေကိုအသုံး ပြုပြီး ဖမ်းဆီးခဲ့ ပါတယ်။
(၂) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့မှာကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ဆန္ဒပြခဲ့ ကြတဲ့ နော်အုန်းလှ နဲ့ အဖွဲ့ကိုအင်စိန် လမ်းမကြီး ပေါ်က ပါရမီ လမ်း ဆုံမှာ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ ပါတယ်။
(၃) ၂၀၀၇ ခုနှစ်၊ ဖေဖော် ၀ါရီလ (၂၂)ရက်နေ့က သိမ်ကြီးဈေး အနီး၊ ပန်းဘဲတန်း သိမ်တော်ကြီး ရှေ့မှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ လောင်စာ ဆီဈေးနှုန်း ကျ ဆင်းရေး အတွက် ဆန္ဒပြနေ တဲ့ ကိုထင်ကျော် ကိုအရပ် ၀တ် ၀န်ထမ်းတွေနဲ့ စွမ်းအားရှင် တွေက ၀ိုင်းဝန်း ဖမ်းဆီး ပါတယ်။လူစည် ကားရာ နေရာဖြစ် တာမို့ ရပ်ကြည့်နေ သူတွေ၊ ကန့်ကွက် သူ တွေနဲ့ကိုထင်ကျော် ကို ဖမ်းဆီးတဲ့ သူတွေ အကြား ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့ပါတယ်။
(၄) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့ကလှည်းတန်း ဈေးရှေ့မှာ ဆန္ဒပြနေ တဲ့ မစုစုနွေး နဲ့ NLD လူငယ်တွေ ကိုစွမ်းအား ရှင်တွေ၊ အရပ်ဝတ် ရဲတွေကအတင်းလုံး ထွေး တွန်းထိုး ဖမ်းဆီးသွား ခဲ့ပါတယ်။ အဲဒီဖြစ် စဉ်ရဲ့ ဓာတ်ပုံ တွေ၊ဗီဒီယိုမှတ် တမ်းတွေကို နိုင်ငံတကာ သတင်းဌာန တွေကတောင်ထုတ် လွှင့်ဖော်ပြ ခံခဲ့ရပြီး လူသိများ တဲ့အဖြစ် ပျက် တစ်ခုဖြစ်ခဲ့ ပါတယ်။
ဆက်လက်ဖေါ်ပြသွားမည်


No comments:
Post a Comment