နိရဉ္စရာ
ရခိုင်ပြည်နယ်အတွင်းက သိမ်းထားတဲ့ မြေဧက မြောက်မြားစွာထဲက လယ်ဧက ၁၈၀၁၉ ဒဿမ ၉၅၀ ကို ပြန်ပေးမယ်လို့ မနေ့က ပြုလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးမှာ ထုတ်ဖေါ် ပြောကြားတယ်လို့ သိရပါတယ်။
အခုပေးမယ့်မြေတွေက စစ်တပ်က ဒုတိယ အကြိမ် စိစစ်ပြီး ပြန်လည် စွန့်လွှတ်ပေးတဲ့ မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က ဒုတိယ အကြိမ် ရခိုင်လယ်သမားတွေကို ပြန်ပေးမယ့် မြေတွေအထဲမှာ ပြည်ထဲရေးအမိန့်ရယူသိမ်းဆည်းမြေ ၁၇၆၀ ဒဿမ ၆၁၀၊ မြေစာရင်းပုံစံ ( ၁၀၅/ ၁၀၆) ရယူသိမ်းဆည်းထားသောမြေ ၉၀၅၂ ဒဿမ ၃၀၀၊ တပ်အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်ရယူသိမ်းဆည်းထားသောမြေ ၃၉၁၄ ဒဿမ ၁၆၀ နှင့် ယခင်ကာလ သိမ်းဆည်းရေး ဆောင်ရွက်ဆဲမြေ ၃၂၉၂ ဒဿမ ၈၈၀ ဧက တို့ပါဝင်တယ်လို့ သိရပါတယ်။
ရခိုင်အတွက်တော့ ပြန်ပေးမယ့် မြေကတော့ ၁၈၀၁၉ ဒဿမ ၉၅၀ ဖြစ်ပြီး တစ်နိုင်ငံလုံးအနေနဲ့တော့ မြေဧက ၁၅၄၈၉၂ ဒသမ ၁၀၂ ကို စစ်တပ်က ဒုတိယ အကြိမ် ပြန်ပေးမှာ ဖြစ်ပါတယ်။

No comments:
Post a Comment