မဇာနည်အောင်
သင်္ဃန်ကျွန်းမြို့နယ် ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ သိန်း ၁ဝဝဝ ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင် အကောင် အထည်ဖော်နေပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က မဇ္ဈိမသို့ ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို ဖေဖော်ဝါရီ၃ရက်က စတင်ရရှိပြီး အဆိုပါ ရရှိငွေဖြင့် ရပ်ကွက် ၃၄ခုရှိ လုပ်ငန်း ၆၆ ခုကို စတင်အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိပြီဖြစ်ကြောင်း ၎င်းကပြောသည်။
“ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ငါးရပ်နဲ့ စတင်အကောင်အထည်ဖော်ပါပြီး။ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ အချက်တွေကို သေချာစွာ နည်းလမ်းမှန်စွာ၊ လုပ်ပေးသွားမယ်။ ရပ်ကွက်အလိုက် ချပေးတဲ့ ငွေ တွေကို အလွဲသုံးစားလုပ်ရင်ထိရောက်စွာ အရေးယူသွားမည်” ဟု ၎င်းကပြောသည်။
ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် စုစုပေါင်းငွေကျပ် ၉၇၇သိန်းကို ရပ်ကွက်အတွင်းရှိ သောက်သုံးရေ ရရှိရေး၊လမ်းတံတားများ ပြုပြင်ရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦးများပြုပြင်မွမ်းမံရေးနှင့်ကျန်းမာ ရေးဆိုင်ရာ အဆောက်အဦးများပြုပြင်မွမ်းမံရေးအတွက် အသုံးပြုမည်ဟု ဆိုသည်။
မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့တွင် ဥက္ကဌဦးသိန်းညွှန့် ဒုတိယ ဥက္ကဌ ဦးကျော်၊ အတွင်းရေးမှူးဒေါ်စန်းစန်းမြင့်၊ အဖွဲ့ဝင်ဦးဖုန်းမြင့်အောင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း (၃၈) ရပ်ကွက်ရှိရာ ရပ်ကွက် (၄) ခုမှာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ချမှန်ပေးရန် မလိုအပ်ဘဲ ကျန်သည့် ရပ်ကွက် (၃၄) ခုကို ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အကောင်အထည် ဖော် မည်ဖြစ်သည်။ အဆိုပါ ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁ဝဝဝ ထဲတွင် ငွေကျပ် (၉၇၇) သိန်းအား ရပ်ကွက်အတွင်းရှိ လုပ်ငန်းစဉ်များသို့ ချမှတ်ပေးခဲ့ပြီး သိန်း ၁ဝဝဝ၏ သုံးရာခိုင်နှုန်းအား ရုံးလုပ်ငန်းများအတွက် ချမှတ်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါရန်ပုံငွေ ကျပ်သိန်းတစ်ထောင်သုံးစွဲရန်အတွက် ‘’ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်း’’ ကို နိုဝင်ဘာ(၁၅)ရက်နေ့က နိုင်ငံတော်သမ္မတ ထုတ်ပြန်ခဲ့သည်။ လုပ်ထုံး လုပ်နည်းဖြည့်စွပ်ချက်ကိုမူ နိုဝင်ဘာ(၂ဝ)ရက်နေ့က ဆက်လက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြည့်စွပ်ထုတ်ပြန်ချက်မှာ’’နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင် အထည်ဖော်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်သည်။ အဖွဲ့၏ဥက္ကဌနှင့်အတွင်းရေးမှူး တို့ကိုညှိုနှိုင်း သတ်မှတ်၍ တာဝန်ယူဆောင်ရွက်ရမည်’’ဖြစ်သည်။
"ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်း’’တွင် အစိုးရဘဏ္ဍာငွေမှ သုံးစွဲရန်ကျန်ရှိနေသည့် စီမံကိန်းများကို အထောက်အကူပြုကော်မတီများမှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များမှပြည်ထောင်စုလွှတ်တော်သို့တင်ပြ အတည် ပြုချက်ရရှိပြီဆောင်ရွက်ရမည် ဖြစ်သည်။
အဆိုပါဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် တစ်တိုင်းပြည်လုံးရှိ မြို့နယ်ပေါင်း(၃၃ဝ)အတွက် ကျပ်သိန်းပေါင်း သုံးသောင်းသုံးထောင်ကျော် (၃.၃ဘီလီယံ)ကို ၂ဝ၁၃-၂ဝ၁၄ခုနှစ်၏ ပြည်ထောင်စုလွှတ်တော် ဘဏ္ဍာငွေမှ သုံးစွဲခွင့် ပြုခဲ့ပြီးဖြစ်သည်။
ထိုသို့သုံးစွဲခွင့်ရရှိထားပြီဖြစ်သော်လည်း နိုင်ငံတော်သမ္မတမှ ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းမရှိသည့် အတွက် ပြည်ထောင်စုလွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင်လအတွင်း (သတ္တမ ပုံမှန်အစည်းအဝေး)တွင် တင်ပြအစီရင်ခံထားပြီးဖြစ်သည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။
နိုဝင်ဘာ(၁၅)ရက်နေ့မှသာ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်ထွက်ရှိ လာသည့်အ တွက် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ခွဲဝေသုံးစွဲနိုင်ရေး သက်ဆိုင်ရာကိုယ်စားလှယ်များ ဆိုင်းပြင်းဆောင် ရွက်နေကြခြင်းဖြစ်သည်။သုံးစွဲရမည့် ကာလသည် ၂ဝ၁၄ခုနှစ်မတ်လကုန်အထိသာ သုံးစွဲရမည်ဖြစ်သည်။
No comments:
Post a Comment