Wednesday, February 19, 2014

၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူခြင်း နှင့် ပတ်သတ်၍ တိုင်းရင်းသားများ သဘောထား ထုတ်ပြန်။

ရွှေဟင်္သာ

မန်မာနိုင်ငံ ဗဟိုသန်း ခေါင်စာရင်း ကော်မရှင်မှ ကောက်ယူရန် စီစဉ်လျက် ရှိသော လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်း အစီအစဉ် နှင့် ပတ်သက် ပြီး တိုင်းရင်း သားလူမျိုး ၆မျိုး (ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း) တို့၏ သန်းခေါင် စာရင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေး ရလာဒ်ကို တိုင်းရင်းသား အဖွဲ့အ စည်းများ (၃၂)မှ ၁၇.၂.၂၀၁၄ ရက်နေ့ တွင် ပူးပေါင်း သဘောထား ထုတ်ပြန် လိုက်သည်။

ထုတ်ပြန်ချက် တွင် အချက်(၆)ချက် ပါရှိပြီး နံပါတ်(၆)ချက်တွင်အချက်ငယ်(၄)ချက်ဖြင့် တောင်းဆိုမှု ပြုလုပ်ထား သည်။ အဆိုပါ ထုတ်ပြန်ချက် တွင်

၁။သန်းခေါင်စာရင်းကောက်ယူမှုသည်နိုင်ငံတော်အနာဂတ် လူမှုစီးပွားတိုးတတ်ရေး အတွက် အစီအမံများကိုချမှတ်ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးပြီး လွဲမှားချွတ်ချော်မှုတစ်စုံတစ်ရာ မဖြစ်သင့်သည် တိုင်းရင်းသားလူမျိုးများအနေဖြင့် အလေးအနက်ခံယူကြောင်း၊

၂။သန်းခေါင်စားရင်းကောက်ယူရန်ပြင်ဆင် ဆောင်ရွက်မှု အချို့ သည်တိုင်းရင်းသား လူမျိုးများအတွက် ထိခိုက်နစ်နာနိုင်ဖွယ်များ ထွက်ပေါ်လာနိုင်ကြောင်း။

၃။ လူမျိုး အမည် အသုံးပြုမည့် ကုတ် အမှတ်များကို သတ်မှတ်ရာ တွင်မှားယွင်း နေကြောင်း တိုင်းရင်း သားလူမျိုးများ ကိုယ်တိုင် လက်မခံ သည့်လူမျိုးစု (၁၃၅) မျိုးကို စာရင်း အခြေခံပြီး စီစဉ် ထားခြင်းမှာတိုင်းရင်းသား လူမျိုးအား အ လေး မထားခြင်း ဖြစ်ကြောင်း

၎။ တိုင်းရင်း သားလူမျိုး တစ်ခုတည်း အတွင်းရှိ မျိုးနွယ်စု များကိုကုတ် အမှတ်ပေးကာ စာရင်းကောက် ယူခြင်းသည် မျိုးနွယ်စု များ အချင်းချင်းစိတ်ဝမ်း ကွဲပြားမှု ဖြစ်လာစေ နိုင်ကြောင်း သုံသပ်ထားသည်။

၅။ တိုင်းရင်း သားလူမျိုး အများစု၏ အထက်တွင် ဖော်ပြထာသည့် စိုးရိမ်ကြောင့် ကြမှုများနှင့် ပတ်သတ်ပြီး ယနေ့ တိုင်ပွင့် လင်းမြင်သာစွာ ဖြေရှင်းဆောင် ရွက်ပေးခြင်း မရှိသေး ကြောင်းဖော်ပြ ထားသည်။


နံပါတ် (၆)တွင် တိုင်းရင်းသား များ အနေဖြင့် ၂၀၁၄ သန်းခေါင် စာရင်းကောက် ယူမှုနှင့် ပတ်သတ်ပြီး အောက်ပါ အ တိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ပါရန်ထုတ်ပြန် ချက်တွင် ထည့်သွင်း ထားသည်။

၁။ ဗဟိုသန်းခေါင် စာရင်း ကော်မရှင် အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် တစ်ချိန် တည်း တစ်ပြိုင်တည်း အလျင်အမြန် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပေး ရန်။

၂။ သန်းခေါင် စာရင်း ကောက်ယူရေး နှင့် ပတ်သတ်၍ တိုင်းရင်း သား လူမျိုးများ ၏စိုးရိမ် ပူပန်မှုများ ကို ဖြေရှင်း ပေး ပြီး သည် အထိ လုံလောက်သောပြင်ဆင်မှု ရရှိပြီးမှ သာ သန်းခေါင် စာရင်းကို စတင်ကောက် ယူရန်။

၃။ သန်းခေါင် စာရင်းကောက် ယူရေး ဆောင်ရွက်မှုများတွင် တိုင်းရင်းသား လူမျိုးများ၏ သဘော ထားနှင့် အကြံ ဥာဏ် များပါဝင် စေရန်အတွက် ဒေသခံ တိုင်းရင်းသား လူမျိုး အဖွဲ့အစည်း များမှ ပွင့်လင်း မြင်သာမှု ရှိရှိဖြင့် ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် များကို ဗဟို ၊ပြည်နယ်/ တိုင်း ဒေသကြီး၊ ခရိုင်နှင့် မြို့ နယ် အဆင့်ဆင့် သန်းခေါင် စာရင်း ကော်မရှင် များနှင့် အထောက် အကူပြု၊ ကော်မတီ များ၌ ထည့်သွင်း ပေးပြီး လိုအပ်သော သင်တန်း များကို တတ်ရောက် နိုင်ရေး စိစဉ်ပေးရန်။

၎။၂၀၁၄ သန်းခေါင် စာရင်းကောက် ယူရာမှထွက်ပေါ် လာသည့် ရလဒ် တစ်ခုတည်း ကိုသာ အခြေံခံပြီး တိုင်းရင်း သား လူမျိုး နွယ်စုအရေ အတွက်ကို သတ်မှတ်ခြင်း မပြုလုပ် ရန်နှင့် တိုင်းရင်းသား လူမျိုးနွယ် စုများ တိကျမှန် ကန် စွာသတ် မှတ်နိုင်ရေး အတွက် တိုင်းရင်းသား လူမျိုးစုများကိုယ်တိုင် ပါဝင်ဆောင် ရွက်ခွင့်ရှိ သော နည်းလမ်းနှင့် အစီ အစဉ်များ ချမှတ်ဆောင် ရွက်ပေးရန် စသည့် အချက်လေး ချက်ကို တောင်းဆိုထားသည်။

No comments: