ရွှေဟင်္သာ
အစိုးရ တပ်များ သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ စစ်ဒေသ ၀န်းကျင်သို့ အချိန် တပတ် ကြာ ဆက်တိုက် အင် အား ဖြည့်နေပြီး ဖြစ်ကြောင်း (KIA) စစ်ရုံး ချုပ်က ဆိုပါသည်။
အစိုးရ စစ်ယာဉ်တန်း ကားအစီး တရာကျော် သည် ယမာန်နေ့ ဖေဖော်ဝါရီ (၂၁ )ရက် နေ့ လည် (၂) နာရီ ခွဲ အချိန် တွင် ကချင်ပြည်နယ် ဗန်း မော်ခရိုင် ရှိ မိုးမောက် မြို့မှ ဒေါ့ဖုန်းယန်မြို့ သစ် ကား လမ်းမကြီး မှတဆင့် ဗန်းမော် မြို့ ဘက်သို့ထွက်ခွာ ခဲ့ပါသည်။ ယင်းကား တန်းတွင် ကား တစ်စီးလျှင် တပ် သား(၂၀)ထက်မနည်း တင်ဆောင်သွားခဲ့ ပါ သည်။
ယင်းစစ်ယာဉ် တန်းသည် ပြီးခဲ့သည့် ဖေဖေါ် ၀ါရီ (၂၀) ရက်နေ့က မြစ်ကြီးနား ဖက် မှတက်လာပြိး လိုင်ဇာ ကားလမ်း မရှိ ကန်တော် ယန်၊ နန်ဆန်ယန် ကျေးရွာ များအား ပတ်ပြီး ရောက်လာသော စစ်ယာဉ် တန်း ဖြစ်ပါသည်။
ထို့အပြင်ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄)နာရီ အချိန် တွင် တပ်သား ရိက္ခာနှင့် စစ်လက်နက် ခဲယမ်း မီးကျောက် များ တင်ဆောင် လာသော စစ်ကား (၂၅)စီး သည် ဗန်းမော်မြို့ မှ တဆင့်မန်ဂျယ် ၊ မန်ယောက် ဘက်သို့ ဦးတည် ကာ ထွက်ခွာသွား ခဲ့သည်ဟု ဆိုပါသည်။
တချိန်တည်း၌ ဖေဖေါ်ဝါရီ (၂၁)ရက် ညနေပိုင်း တွင်ပင် အစိုးရဂျက် တိုက်လေယာဉ် တစင်းသည် မြစ်ကြီးနား လေ တပ်စခန်းမှ ပျံသန်းပြီး ဗန်းမော် လမ်းပိုင်း တစ် လျှောက် ခေါက်တုံ့ ခေါက်ပြန် ပျံသန်းနေခဲ့ပါသည်။
အစိုးရတပ်များ ၏ လိုင်ဇာဌာနချုပ် ၀န်းကျင် လှုပ်ရှားမှုသည် ပြီးခဲ့သည့် ဖေဖော် ၀ါရီ (၁၂)ရက် မနက် ( ၉)နာရီ အချိန်ကတည်းက လှုပ်ရှားနေပြီး ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ လိုင်ဇာ ဌာနချုပ်မှ မိုင်(၂၀)ခန့်သာ ကွာ ခန့်ဝေးသော ဘန်ဒေါင် ကျေးရွာအား သိမ်းပိုက်ပြီး ဂျာအိန်ယန် ကျေးရွာ အကြား ခါဥ ကျေးရွာ ကိုလည်း လမ်းကြောင်း ရှင်းရန် တိုက်ခိုက် သိမ်းပိုက် ထား ခဲ့ပြီး ဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့များ၏ လှုပ်ရှားမှု သည် တပ်ပြောင်းလဲခြင်း အတွက် မဟုတ်ဘဲ တပ်ဖွဲ့ဖြည့် ဆည်းခြင်း ဖြစ်သည်ဟု (KIA) ဖက်မှ ယူဆသည်ဟု ဆိုပါသည်။ အလား တူ ရှမ်းပြည်မြောက် ပိုင်းရှိ (KIA) တပ်မဟာ (၄) နယ်မြေတွင်လည်း အစိုးရတပ်များ အင်အားဖြည့် လျှက်ရှိသည်ဟု ဆိုပါသည်။
No comments:
Post a Comment