Thursday, February 6, 2014

သျှမ်းအမျိုးသားနေ့ ပွဲတက်ရန် ဦးအောင်မင်းအား RCSS/SSA ဖိတ်ကြား

သျှမ်းသံတော်ဆင့်

လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပမည့် ၆၇ နှစ်မြောက် သျှမ်းပြည် အမျိုးသားနေ့သို့ တက်ရောက်ရန် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းအား ဖိတ်ကြား ထားသည်ဟု RCSS/SSA ပြောခွင့်ရက ပြောသည်။

ဖဖေဝါရီ ၇ ရက်နေ့ ၌ ကျရောက်မည့် သျှမ်းပြည်အမျိုးသားနေ့အား သျှမ်းပြည်ပြန် လည် ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်း လျဲန်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနား၌ သျှမ်းပြည်အတွင်း ၅၅ မြို့နယ်မှ လူထု ၂၀၀၀ ကျော်ကိုလည်းဖိတ်ကြားထားကြောင်း၊ ထို့အတူ အထူးဧည့် သည်တော်အနေဖြင့် ဦးအောင်မင်းအားလည်း ဖိတ်ကြားထားကြောင်း ဆိုသည်။

“နေပြည်တော်အစိုးရကော၊ သျှမ်းပြည်နယ်အစိုးရကော ဖိတ်တယ်။ UPWC က ဦးအောင် မင်းကိုလည်း နာမည်နဲ့ဖိတ်တယ်။ အားလုံးကို ဖိတ်ထားတယ်။ အကြောင်း ပြန် တာတော့မရှိသေးဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး လောင်ဝ်ဆိုင်ကပြောသည်။

‘လမ်းခရီးအတွက် ပြင်ဆင်ဖို့လဲ လိုတယ်။ အချိန်ကလဲ အရမ်းကပ်နေပြီ။ ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်ကလဲ သွားချင်ပါတယ်’ - ဟု မြန်မာ့ငြိမ်းချမ်းရေး စင်တာက ဦးညိုအုန်းမြင့်က သျှမ်းသံ တော်ဆင့်သို့ပြောသည်။

၆၇ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်အား သျှမ်းပြည်မြို့တော် တောင်ကြီး၊ နမ့်ခမ်း ၊ သီပေါ ၊ တာချီလိတ် ၊ ရန်ကုန်၊ လွယ်တိုင်းလျဲန်း နှင့် အခြားမြို့များ၊ ပြည်ပ ရောက် သျှမ်းပြည်သားများလည်း တနိုင်တပိုင်ကျင်းပလေ့ရှိပါသည်။

၁၉၄၇ ဖေဖေါ်ဝါရီ ၇ ရက်နေ့သည် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ကာ သျှမ်းပြည် ကောင်စီအောင်မြင်စွာ ဖွဲ့စည်းနိုင်သောနေ့ဖြစ်သောကြောင့် သျှမ်းပြည်အမျိုးသား နေ့အဖြစ်သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

No comments: