အစိုးရသစ်လက်ထက် ပထမဆုံး နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်အတွက် အင်းစိန်ထောင်တွင်းတရားရုံးမှာ ဇူလိုင် ၇ ရက်က အာမခံလျှောက် တယ်လို့ သူ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။“ကြာသသတေးနေ့တုန်းက ကျန်တဲ့ အမှုစစ်တွေ စစ်ဖို့ရှိတယ်လေ အိုင်အိုလေ။ အဲဒါ သူတို့က မလာဘူးခင်ဗျ။ ခွင့်တင်တော့ ကျနော်တို့ အာမခံတင်ပါတယ်။”
ကိုနေမျိုးဇင်ဟာ ထောင်တွင်းမှာ ချော်လဲတဲ့ဒဏ်ရာကြောင့် ထောင်ဆေးရုံ တက် နေရပြီး အပြင်ထွက်ပြီး ဆေးကုသခွင့်တောင်းရာမှာ ဆရာဝန်က ဆေးစာမရေးပေးလို့ အခက်တွေ့နေပါတယ်။ ဒါကြောင့် မနေ့က အင်းစိန်ထောင်တွင်း ရုံးချိန်းမှာ ကိုနေမျိုးဇင် အတွက် အပြင်ထွက် ဆေးကုခွင့်လည်း တောင်းခဲ့ပါတယ်လို့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
“ချော်လဲတဲ့အတွက်ကြောင့် ခါးရိုး အဆစ်နားမှာ အက်သွားတော့ သူ ကောင်း ကောင်းလည်း မထိုင်နိုင်ဘူး။ ကောင်းကောင်းလည်း မတ်တတ် မရပ်နိုင်တဲ့ အတွက်ကြောင့် ထောင်ဆေးရုံတက်နေပါတယ်။ ထောင်ဆရာဝန်က ဆေးစာ ထုတ်မပေးတဲ့ အတွက်ကြောင့် ကျနော်တို့ ထောင်ဆရာဝန်ကို ရုံးခေါ်သက်သေအနေနဲ့ ခေါ်စစ်ဖို့ လျှောက်ထားပါတယ်။
“လာမယ့်ရုံးချိန်းမှာ ဆရာဝန်ကို ခေါ်စစ်မယ်မစစ်ဘူး ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး တော့ အမိန့်ချဖို့ ချိန်းထားပါတယ်။ အာမခံနဲ့ ပတ်သက်လို့တော့ အဲဒီဆရာဝန် စစ်ပြီးမှသာ လျှင် ဆရာဝန်မှတ်ချက်အပေါ် မူတည်ပြီးမှ တရားရုံးက စဉ်းစားရပါလိမ့် မယ်။”
အမှုကို လာမယ့် ကြာသပတေးနေ့ ဇူလိုင် ၁၄ ရက်နေ့ ထပ်ချိန်းထားပါတယ်။
သွေးအကူအညီပေးတဲ့အလုပ်တွေမှာ လိုက်ပါကူညီရင်း ဧပြီ ၂ ရက်မှာ အာဏာပိုင် တွေက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဖမ်းဆီးပြီး အီလက်ထရောနစ် အက်ဥပဒေပုဒ်မ ၃၃ နဲ့ တရားစွဲပြီး အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးနေတာပါ။
No comments:
Post a Comment