Wednesday, January 11, 2012

ဘဏ္ဍာငွေ သုံးစွဲမှု ပွင့်လင်း မြင်သာ ပါက လျှပ်စစ် သုံးစွဲခ တိုးမြှင့် ကောက်ခံရန် မလို

လွတ်လပ်သော မွန်သတင်အေဂျင်စီ

သဘာဝ ဓာတ်ငွေ့နှင့် ရေအား လျှပ်စစ် တင်ပို့ ရောင်းချ ရာက ရရှိသည့် ဘဏ္ဍာ ငွေကြေးကို အစိုးရ ကသာ ကောင်းမွန်သည့် စီမံခန့် ခွဲမှု စနစ် အောက်တွင် ပွင့်လင်း မြင်သာ စွာနှင့် တာဝန် သိသိ အသုံြး ပုခဲ့ မည်ဆို ပါက လျှပ်စစ် သုံးစွဲခ နှုန်း တိုးမြှင့် ကောက်ခံ စရာ မလို ကြောင်း AOW နှင့် BRN တို့က ပြောသည်။

အစိုးရ အနေဖြင့် လက်ရှိ ကောက်ခံ နေသော လျှပ်စစ် ဓာတ်အား ဈေးနှုန်း၌ ဆုံးရှုံး နစ်နာမှု များရှိ နေခြင်းနှင့် နိုင်ငံ အဝှမ်း လျှပ်စစ် ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးရန် ငွေကြေး လုံလောက်မှု မရှိခြင်းကြောင့် ဆိုပြီး ထိုသို့ဈေးနှုန်း မြင့်တင် ရခြင်းဖြစ် သည်ဟု အမှတ် (၂) လျှပ်စစ် စွမ်းအင် ဝန်ကြီး ဌာနက ပြောထားသည်။

မြန်မာအစိုးရက စွမ်းအင်တင်ပို့ရောင်းချငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာကို လက်ဝယ်ရရှိနေသော်လည်း ပြည်သူများမှာ လောင်စာ စွမ်းအင် ဈေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW နှင့် မြန်မာနိုင်ငံ မြစ် ချောင်း များဆိုင် ရာကွန်ယက်BRN တို့မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံမှာ စွမ်းအင်စီမံကိန်းတွေကနေ ရတဲ့ငွေနဲ့ အဲဒီစီမံကိန်းကနေ ပြည်သူတွေအပေါ် သက်ရောက်နေတဲ့အကျိုးဆက်တွေနဲ့ စီမံကိန်းဆိုင်ရာ သတင်းမှန်တွေကို ထုတ်ပြန်ပေးဖို့ အစိုးရကိုတောင်းဆိုတိုက်တွန်းတယ်” ဟု မြန်မာ နိုင်ငံ မြစ်ချောင်း များဆိုင်ရာ ကွန်ယက်မှ ကိုစိုင်းစိုင်းက ပြောထားသည်။

၂၀၁၂ ခုနှစ်ဆန်းပိုင်းမှစပြီး ပြည်တွင်းလျှပ်စစ်ဓာတ်အားခနှုန်းထား နှစ်ဆနှင့် လောင်စာဆီဈေးနှုန်း သုံးပုံတပုံထိ အသီးသီး မြင့်တက် သွားကြောင်း လည်း ဖော်ပြထားသည်။

မြန်မာအစိုးရသည် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်တို့ကို နိုင်ငံခြားသို့တင်ပို့ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်ရနေ သည်ဟုလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

တိုင်းပြည်တွင်း ငွေလဲလှယ်နှုန်းကို ထိန်းချုပ်ထားမှုနှင့် ပွင့်လင်းမြင်သာမှုစနစ်ကင်းမဲ့နေခြင်းကြောင့် ထိုသို့စွမ်းအင်တင်ပို့ရာမှ ရရှိ လာ သော ဝင်ငွေ များကို အစိုးရ ငွေစာရင်း ၌သော် လည်းကောင်း၊ စစ်တပ်ငွေစာရင်း၌သော်လည်းကောင်း ပွင့်လင်း မြင်သာ စွာ ထုတ် ဖော်ထား ခြင်းမရှိ သည့်အပြင် ထိုငွေများကို ပြည်တွင်း၊ ပြည်ပ မည်သည့် ဘဏ်စာရင်းများ၌ ထားရှိသည်ကိုလည်း ရှင်းလင်းစွာ မသိ ရှိရပေ။

1 comment:

Anonymous said...

အဲဒီငွေကို တိုင်းရင်းသားအချင်းချင်း သတ်ရာမှာ သုံး လို့ မမြင်သာတာပါ။