Thursday, January 5, 2012

ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ မြန်မာနိုင်ငံကို ​ရောက်ရှိ

ပီတာအောင်

ရာစုနှစ်တဝက်​ကျော်ကာလအတွင်း​ မြန်မာနိုင်ငံကို ပထမဆုံး​လာ​ရောက်တဲ့​ အဆင့်​မြင့်​သံတမန်တဦး​အဖြစ် ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ် ဒီက​နေ့​မြန်မာနိုင်ငံကို ​ရောက်ရှိလာပါတယ်။

ဝီလျံဟိတ်ဟာ ဒီ​နေ့​ မနက်က ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ နိုင်ငံခြား​ ​ရေး​ဝန်ကြီး​ ဦး​ဝဏ်ဏ​မောင်လွင်အပါအဝင် အစိုး​ရထိပ်ပိုင်း​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ဆုံခဲ့​ တယ်လို့​ ဗြိတိန်သံရုံး​ရဲ့​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ ရန်ကုန်ကလာတဲ့​ ​အေဂျင်စီ သတင်း​တွေမှာ ​ဖော်ပြ ပါတယ်။

ဗြိတိန်ဝန်ကြီး​ဟာ သူ့​ရဲ့​ ၂ ရက်တာခရီး​စဉ်အတွင်း​ ရန်ကုန်မှာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။

ဝီလျံဟိတ်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မနက်ဖြန် မနက် ၁၀ နာရီ​လောက်မှာ ​တွေ့​ဆုံဖို့​ရှိတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။

လက်ရှိမြန်မာအစိုး​ရ ​ဆောင်ရွက်​နေတဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ ​ခြေလှမ်း​တွေကို အား​ပေး​တဲ့​နေနဲ့​ သွား​ရောက်တာလို့​ ခရီး​စဉ်နဲ့​ပတ်သက်ပြီး​ထုတ်ပြန်ထား​တဲ့​ ဝီလျံဟိတ်ရဲ့​ကြေညာချက်မှာ ​ရေး​သား​ထား​ပါတယ်။

ဒါ့​အပြင် ကျန်ရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ဆက်လွှတ်​ပေး​ဖို့​၊​ လွတ်လပ် တရား​မျှတတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲကျင်း​ပဖို့​၊​ ပဋိပက္ခဖြစ်ပွား​ရာ​နေရာကို လူသား​ချင်း​စာနာမှု အကူအညီ​တွေ ​ပေး​ခွင့်​ပြုဖို့​နဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် ယုံကြည်ရ​အောင် လုပ်​ဆောင်ဖို့​ ကိစ္စ​တွေ မြန်မာအစိုး​ရကို ​တောင်း​ဆိုမယ်လို့​ဆိုပါတယ်။

ခရီး​စဉ်အတွင်း​ မြန်မာနိုင်ငံအ​ပေါ် ဗြိတိန်နိုင်ငံရဲ့​ လူသား​ချင်း​စာနာ ​ထောက်ပံမယ့်​ အကူအညီ​တွေ​ပေး​မယ့်​အ​ကြောင်း​ ထုတ်ပြန်​ကြေညာဖွယ် ရှိ​နေပါတယ်။

ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့​ ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​ရန်ပုံ​ငွေ​တွေအတွက် ၃ နှစ်စာ အ​မေရိ ကန်​ဒေါ်လာ ၂၈၉ သန်း​နဲ့​ ညီမျှတဲ့​ စတာလင်​ပေါင် ၁၈၅ သန်း​ကို ​ပေး​အပ်မယ်လို့​ကတိပြုထား​ပါတယ်။

ဗြိတိန်နိုင်ငံဟာ အ​မေရိကန်နဲ့​အတူ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု ​တွေနဲ့​ အထီး​ကျန်ဖြစ်​အောင် သံတမန်​ရေး​ အဆက်ဆံ သိပ်မလုပ်တဲ့​နိုင်ငံ ဖြစ်ပါတယ်။

အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်လည်း​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်က မြန်မာနိုင်ငံကို နှစ်​ပေါင်း​ ၅၀ ​ကျော်အတွင်း​ ပထမဆုံး​သွား​ရောက်တဲ့​ အ​မေရိကန်အဆင့်​မြင့်​သံတမန်တဦး​အဖြစ် ​ရောက်ရှိလာခဲ့​ပါတယ်။

၁၉၅၅ ခုနှစ်က ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ အန်သိုနီအီဒန်ဟာ မြန်မာနိုင်ငံကို ​နောက်ဆုံး​ သွား​ရောက်ခဲ့​တဲ့​ ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ဖြစ်ပါတယ်။

No comments: