Friday, January 13, 2012

ဘူးသီးတောင်မှ ကိုဌေးကြွယ် လွတ်ပြီ

နိရဉ္စရာ

ဘူးသီးတောင် ထောင်တွင် အကျဉ်း ကျခံ နေရ သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် လွတ်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင် ထောင်နှင့် နီးစပ်သူ တစ်ဦးက " ကိုဌေးကြွယ် လွတ်တယ်။ အခု သူတို့ကို အမြန်ယာဉ် မလိခနဲ့ စစ်တွေကို ယူသွားပြီ ဖြစ်ပါ တယ်။ ဘူးသီးတောင် ထောင်က ၃၀ ကျော် လွတ်ပါတယ်" ဟု ပြောသည်။

ကိုဌေးကြွယ်နှင့် အတူ အကျဉ်း ကျခံ နေရသူ နိုင်ငံရေး အကျဉ်း သားများ အပါ အ၀င် လူပေါင်း ၃၁ ဦး ကို အမြန်ယာဉ် မလိခဖြင့် ဘူးသီး တောင်မှ တဆင့် စစ်တွေသို့ နံနက် ၇ နာရီခန့်က ယူဆောင် သွားကြောင်း မလိခ အမြန် ယာဉ်မှ တာဝန်ရှိ သူတစ်ဦး ကလည်း နိရဉ္စရာသို့ ပြောသည်။

" လက်မှတ် ယူတာက ၃၁ ဦးဖြစ်ပါတယ်။ နောက်ထပ် ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေလည်း အကုန်လုံး တခါ တည်း စစ်တွေကို သွားကြပြီ" ဟု ပြောသည်။

ကိုဌေးကြွယ်နှင့် နိုင်ငံရေး အကျဉ်းများ လွတ်မြောက်လာသဖြင့် နိုင်ငံရေး စိတ်ဝင်စားသူများက အမြန်ယာဉ် ဆိပ်ထိ လိုက်ပါ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

ဘူးသီးတောင် ထောင်မှ လွတ်မြောက်လာသူများ အထဲတွင် ကိုဌေးကြွယ်နှင့် အတူ ကိုစည်သူမောင်၊ ကိုသန့်စင်မျိုး၊ ကိုအောင်ဇော်ဦး၊ ကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ်၊ ဦးပြည်ကျော်၊ ဦးကျော်မင်း တို့ပါဝင်ကြောင်း သိရသည်။

No comments: