Friday, January 13, 2012

စစ်တွေထောင်မှ လွတ်မြောက်လာသူများအထဲတွင် နိုင်ငံရေး အကျဉ်းသား ၈ ဦးပါဝင်

နိရဉ္စရာ

စစ်တွေ အကျဉ်း ထောင်ထဲမှ လွတ်မြောက် လာသူ ၁၈ ဦးရှိပြီး ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား (၈) ဦးပါဝင်ကြောင်း သိရသည်။

" နိုင်ငံရေး အကျဉ်းသားတွေက နာမည်ကြီးတဲ့သူတွေ မဟုတ်တဲ့ အတွက် နာမည်တော့ မသိဘူးဗျာ။ လွတ်တာကတော့ ၁၈ ဦး ဖြစ်ပါ တယ်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားက ၈ ဦးပါတယ် " ဟု နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

စစ်တွေထောင်မှ လွှတ်မြောက်လာသည့် ၁၈ ဦး အထဲတွင် နိုင်ငံရေးသမား ၈ ဦး၊ဘုန်းတော်ကြီး ၁ ပါး၊ ထောက်လှမ်းရေးမှ ၂ ဦးနှင့် ၀အဖွဲ့မှ ၄ ဦး ပါဝင်ကြောင်း သိရသည်။

" ဟုတ်ကဲ့။ သူတို့က စစ်တွေမှာဘဲရှိနေကြပါသေးတယ်။ အများစု နိုင်ငံရေး အကျဉ်းသားတွေက ရန်ကုန်ကလို့ ပြောပါတယ် " ဟု သူက ဆက်ပြောသည်။

No comments: