အေးနိုင်
ရန်ကုန်တိုင်း ဗိုလ်တထောင် မြို့နယ်မှာ အနှေးယာဉ် ဆိုက်ကား သမား တချို့နဲ့ စည်ပင် သာယာရဲ တွေအကြား ရုန်းရင်း ဆန်ခတ်ဖြစ် ပွားပြီး ဆိုက်ကား သမား တွေကို ဖမ်းဆီးသွားတယ်လို့ မျက်မြင် တဦးက ပြောပါတယ်။
“ရန်ကုန် ဗိုလ်တထောင်က ဝန်ကြီးများရုံးရဲ့ လမ်းထောင့်မှာ ရန်ကုန်မြို့စည်ပင်က လမ်းပေါ်မှာ ပြေးဆွဲနေတဲ့ ဆိုက်ကားတွေကို အတင်းအဓမ္မသိမ်းဆည်းတဲ့အခါကျတော့ ပြည်သူလူထုက လက်မခံဘူး။ လက်မခံတဲ့အခါကျတော့ စည်ပင်ရဲတွေနဲ့ ဆိုက်ကားသမားတွေနဲ့ ပတ်သက်ပြီးတော့ ဘေးကလူတွေနဲ့ ရိုက်ကြပုတ်ကြဖြစ်တယ်ဗျာ။ လူတွေလည်း ဖမ်းသွားတယ်။ ဆိုက်ကား အစီးနှစ်ဆယ်လောက် ဖမ်းသွားတယ်။”
ဒီနှစ်ဆန်းကစပြီး ရန်ကုန်မြို့တွင်း အနှေးယာဉ် ဆိုက်ကားနင်းခွင့် ပိတ်ပင်သလို လူကူးမျဉ်းကြားက မကူးရင် ငွေဒဏ်သတ်မှတ်ပြီး စည်ပင်သာယာက ကိုင်တွယ်နေတာပါ။ လက်လုပ်လက်စား ဆိုက်ကားသမားတွေက ညွှန်ကြားချက် ရုတ်တရက်ထွက်လာတဲ့အခါ တခြားအလုပ်အကိုင် အဆင်မပြေတာကြောင့် ဆိုက်ကားဆက်နင်းတာလို့ ဆိုပါတယ်။
စည်ပင် သာယာရဲ ကလည်း တာဝန် အရဆိုပြီး ဖမ်းဆီး တဲ့အခါ အရပ်သား တွေကပါ ဆိုက်ကား သမားတွေ ဘက်က ရပ်တည် ပြောဆို လာကြပြီး ရဲတွေပါ ဝင်ရောက် ထိန်းသိမ်း ရတဲ့ အခြေအနေ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၁၁ နာရီခန့်က စတင်တဲ့ ဒီရုန်းရင်းဆန်ခတ်မှာ ဆိုက်ကားအစီး နှစ်ဆယ်ခန့် ဖမ်းဆီးထားပြီး သတင်းမေးချိန် ၁၂ နာရီထိ ဒေသခံ လူအုပ်ကလည်း ၂၀၀ ဝန်းကျင်လောက်အထိ များပြားနေတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment