Tuesday, January 10, 2012

တကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ

အေး​နိုင်

ရန်ကုန်တိုင်း ဒဂုံ တောင်ပိုင်း မြို့နယ်က ပျက်စီး ယိုယွင်း နေတဲ့ လမ်းပြုပြင် ပေးဖို့ အပါ အ၀င် အချက် ၆ ချက်ကို နိုင်ငံတော် သမ္မတထံ ငြိမ်းချမ်းစွာ လမ်းလျှောက် တောင်းဆို ဆန္ဒ ပြသူ တဦး ကို ရဲက ဖမ်းဆီး လိုက်ပါတယ်။

ဆန္ဒထုတ်ဖော် သူဟာ အသက် ၆၁ နှစ် အရွယ် ဦးစိုးကြွယ် ဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်း ၇၁ ရပ်ကွက်၊ ကျန်စစ်သား လမ်းပေါ်မှာ ​တောင်း ဆိုချ က် ၆ ရပ် ရေး ထားတဲ့ ပိုစတာကို လက်မှာ ကိုင်စွဲပြီး ငြိမ်းချမ်းစွာ လမ်းလျှောက် စဉ်မှာ အသင့် စောင့်နေတဲ့ ရဲက ကားနဲ့ ခေါ်သွား တာလို့ ဦးစိုးကြွယ်ရဲ့သား ကိုညီညီမင်း က ပြောပါတယ်။

အဲဒီ လမ်းဟာ လမ်းဆိုး ၀ါးနေလို့ ယာဉ် အချင်းချင်း တိုက်မှု၊ ယာဉ်က လူကို တိုက်မှု စတာတွေ မကြာ ခဏ ဖြစ်ပွား နေတယ်လို့ ဆိုပါ တယ်။ ဒီ ကိစ္စကို တကိုယ်တော် ဆန္ဒ မပြခင် သမ္မတထံ နှစ်ကြိမ် စာရေးသား ပန်ကြား ခဲ့သေး တယ်လို့ ဆိုပါတယ်။

သူ့တောင်းဆိုချက် ၆ ချက်ကတော့ ဒဂုံမြို့သစ်က အဓိက လမ်းမကြီးတွေကို အမြန်ဆုံးပြုပြင်ပေးဖို့၊ လမ်းပြင်ဖို့ ငွေကောက်ခံပြီး မလုပ် ပေးသူတွေကို အရေးယူပေးဖို့၊ မြို့နယ်တွင်း အကျင့်ပျက် ခြစားမှုတွေ တိုင်ထားတဲ့အပေါ် အရေးယူပေးဖို့၊ ပြည်ခိုင်ဖြိုးပါတီက ဦးစီးလုပ်တဲ့ ရေပေးဝေရေးမှာ ရေလာစေဖို့နဲ့ ရပ်ကွက်တွင်း လမ်းတွေ ၂၄ နာရီ မီးလင်းဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

တကိုယ်တော် ချီတက် တောင်းဆိုနေတဲ့ ဦးစိုးကြွယ်ကို အသင့် စောင့်ဆိုင်းနေတဲ့ ရဲကဖမ်းပြီး ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းကို ခေါ် ဆောင် သွားတယ်လို့ ကိုညီညီမင်းက ဆက်ပြောပါတယ်။

No comments: