Thursday, January 5, 2012

ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ အတွက် လွယ်တိုင်းလျဲန်း နှင့်မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒု-ကြိမ် ထပ်မံတွေ့ဆုံ

သျှမ်းသံတော်ဆင့်


ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးမှု ရှေ့ဆက်တက် လှမ်းနိုင်ရန် အတွက် သျှမ်းပြည်ပြန် လည် ထူထောင် ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ ဝင်တို့ သျှမ်းပြည်မြို့ တော် တောင်ကြီး၌ ထပ်မံတွေ့ ဆုံခဲ့ကြ ကြောင်း သျှမ်းတပ်ဖွဲ့ အသိုင်း အဝိုင်းမှ သိရှိရ ပါသည်။

“ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်။ နှစ်ဦးနှစ် ဖက် မပြေ လည်မှု တွေကို အမြန်ဆုံးဖြေရှင်းပြီး ဆွေးနွေးပွဲရှေ့ဆက်ဖို့ပေါ့” ဟု RCSS သတင်းရပ်ကွက်က ပြောပါသည်။

ယခုလ ၁ ရက်နေ့၌ RCSS/SSA ၏ ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုင်းလှ၊ ဗိုလ်မှူး စိုင်းငင်းတို့ မြန်မာအစိုးရကိုယ်စား လှယ်များ ဖြစ်ကြ သော အမှတ် ၂ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုး၊ သျှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟုဆို၏။

“ကျနော်တို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ ဘယ်တော့လဲဆိုတာတော့ မသိသေးဘူး။ နေပြည်တော်ကအကြောင်း ကြားလာမယ်လို့ ပြောတယ်” ဟု အဆိုပါ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါသည်။ (နောက်ဆုံး သတင်းအရ ဇန္နဝါရီလ ၁၅ မှ ၂၀ ရက်အတွင်း ဖြစ်မည်ဟု သိရပါသည်။)

ပြည်ထောင်စုအဆင့် ဆွေးနွေးရာ၌ မြန်မာအစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းထံသို့ တင်ပြ သည့် ညှိနှိုင်း ဆွေးနွေးရေး အချက် အချို့မှာ-
၁. ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်။
၂. ဒို့တာဝန်အရေးသုံးပါးကို လိုက်နာကျင့်သုံးရန်။
၃. စီးပွားရေးဖွံဖြိုးတိုးတက်အောင် အတူတကွပူးပေါင်းဆောင်ရွက်ရန်။
၎. မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရာ၌ ပူးပေါင်းဆောင်ရွက်ရန်။
၅. ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရန် ပါတီဖွဲ့စည်းထူထောင်ရန်။
၆. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခ ဥပဒေ မူကြမ်းကို လက်ခံ၍ ဥပဒေ လမ်းကြောင်း အတိုင်း လိုအပ်သလို ပြင်ဆင်သွားရန်။
၇. တပ်မတော် တစ်ခုတည်း သာထားရှိရန် - တို့ဖြစ်သည်။

သို့သော် RCSS မှာမူ ပင်လုံစာချုပ်ပါကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အစရှိသည့် အချက် များအား မြန်မာအစိုးရက လက်မခံ မလိုက်နာသရွေ့ “ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်” ဆိုသည့်အချက်ကိုလက်ခံသဘောတူ မည်မဟုတ်ကြောင်း ဆုံးဖြတ် ထားသည်ဟု သိရှိရပါသည်။

ဒီဇင်ဘာ ၁၇ ရက်၌လည်း တာချီလိတ်တွင် သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ်နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ရှေ့ပြေးတွေ့ဆုံနွေးဆွေးခဲ့သေးသည်။

No comments: