Saturday, January 21, 2012

ရခိုင်ရဲအရာရှိတွေလည်း လူမျိုးရေး ခွဲခြား ဆက်ဆံခံနေရ

ရဲအရာရှိတစ်ဦး

ရခိုင်ပြည်နယ်မှ ရာထူးမတက်သော ဒုတိယ ရဲအုပ် ရဲအရာရှိငယ်များအကြောင်းကို ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိရှိ နိုင်ရန် တင်ပြခြင်း။

ကျွန်တော်တို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် ဒုတိယ ရဲအုပ်များသည် ရာထူးတိုး စာမေးပွဲကို အကြိမ်ကြိမ် ဖြေဆို သူများဖြစ်သော်လည်း အောင်မြင်သူ အနည်းငယ်သာ ရှိခဲ့ဖူးပါသည်။

ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး လက်ထက်တွင် အဆိုးဆုံး ဖြစ်ပါသည်။ သူ့လက်ထက်တွင် ရာထူတိုး စာမေးပွဲ ဖြေဆိုတိုင်း မေး ခွန်း ပေါက်တယ်ဆိုပြီး ရခိုင်က စာစစ်ဋ္ဌာန တစ်ခုလုံးကို ပယ်ခဲသည့် အတွက် (စီနီယာ) ရဲအရာရှိငယ်များမှာ တစုံတစ်ဦးမှ ရာထူး တိုး ခြင်း မရှိခဲ့ပါ။ သို့အတွက် စီနီယာ ရဲအရာရှိများ စိတ်ဓါတ်ကျလျှက်ရှိပါသည်။ မေးခွန်း ပေါက်တယ်။ ကူးချတယ် ဆိုသည့် ကိစ္စသည် တစ် နိုင်ငံလုံးတွင် အနည်းနှင့် အများ ရှိကြပါသည်။ မင်းနေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်တွင် မေးခွန်းမပေါက်ရင် ရခိုင်ပြည် နယ် တွင် မေးခွန်းပေါက်စရာအကြောင်းမရှိပါ။ သို့သော်လည်း ပြည်ထဲ ရေး ၀န်ကြီး(ဟောင်း) မောင်ဦးသည် ရခိုင် စာစစ်ဌာနများကို ထိုသို့ အကြောင်းပြကာ ဖယ်ရှား ပစ်ခဲ့ပါသည်။ ရခိုင်သား ရဲအရာရှိများ မရှိ ရလေအောင် လူမျိုးရေးအရ နိပ်ကွက်သော နိပ်ကွက်သည့် နည်း တစ်ခုဖြစ်ပါသည်။ အခြားအခြားသော နိပ်ကွက်မှုများမှာည်း မရေတွက်နိုင်အောင်ရှိခဲ့ပါသည်။

ကျွန်တော်တို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင်လုပ်သက် နစ်(၂၀)ခန့် ရှိသူနှင့် လုပ်သက်(၃)နစ် ရှိသူ အရာရှိများ စာမေးပွဲ အတူ ဖြေနေ ရ ခြင်း သည် သားနှင့် အဖ စာမေးပွဲ ဖြေနေရသလိုဖြစ်ပါသည်။တပ်မတော်တွင် ယခုလိုမျိုး စာမေးပွဲဖြေပြီး ရာထူးယူသောအရာရှိ မရှိသလို နိုင်ငံတကာမှာလည်း ရှိမည်လို့ မထင်ပါ။

သို့ ဖြစ်ပါ၍ ရခိုင်အမျိုးသား ရဲအရာရှိများအား တက်လမ်းအား နည်းအမျိုးမျိုးဖြင့် တားဆီး ပိတ်ပင် ခံနေရသည်ကို ပြည်ထဲရေး ၀န်ကြီး နှင့် နိုင်ငံတော်သမ္မတကြီးတို့ သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

No comments: