Friday, January 20, 2012

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ကြေညာချက်နှစ်ခု ထုတ်ပြန်

ရွှေအောင်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီ​နေ့​ရက်စွဲနဲ့​ ​ကြေညာချက်နှစ်ခု ထုတ်ပြန်ခဲ့​ပါတယ်။

တခုက အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ အတွင်း​ရေး​မှူး​အဖွဲ့​ တာဝန်​ပေး​လိုက်တာဖြစ်ပြီး​၊​ ​နောက်တခုက ပါတီဝင်​လျှောက်လွှာ​တွေနဲ့​ ပတ်သက်တဲ့​ ​ကြေညာချက်​တွေ ဖြစ်ပါတယ်။

ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ ဦး​ဉာဏ်ဝင်း​၊​ ဦး​အုန်း​ကြိုင်နဲ့​ ဦး​ဟံသာမြင့်​တို့​ ၃ ဦး​ကို အတွင်း​ရေး​မှူး​ အဖွဲ့​ဝင်​တွေအဖြစ် တာဝန်​ပေး​လိုက်တဲ့​အ​ပေါ် အဖွဲ့​ဝင်တဦး​ဖြစ်တဲ့​ ဦး​ဉာဏ်ဝင်း​က ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ နဂိုကတည်း​က ဖွဲ့​စည်း​ပုံမှာ အတွင်း​ရေး​မှူး​ အဖွဲ့​ ပါ ပါတယ်။ အရင်တခါ စီအီး​စီ ဖွဲ့​တဲ့​အခါမှာ ကျ​နော်တို့​ အတွင်း​ရေး​မှူး​ မပါ သွား​သေး​ဘူး​။ အဲဒါ ဖွဲ့​စည်း​ပုံနဲ့​အညီ အခု ထပ်ပြီး​တော့​ အတွင်း​ရေး​မှူး​ ၃ ​ယောက် ဒီ​နေ့​ ဆုံး​ဖြတ်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ အား​လုံး​ ​ထောက်ပံ့​ပေး​ဖို့​ပေါ့​ဗျာ အဓိက က​တော့​။”

ပါတီဝင်​လျှောက်လွှာ​တွေရဲ့​ ​ကြေညာချက်နဲ့​ ပတ်သက်ပြီး​လည်း​ ဦး​ဉာဏ်ဝင်း​က ခုလို ​ပြောပါတယ်။

“​လျှောက်လွှာ​တွေ ကိစ္စကို မြို့​နယ်​တွေမှာ သူတို့​ စိစစ်တယ် ဘာညာ ဒီလိုလုပ်ရင် ကျ​နော်တို့​က ဒီမိုက​ရေစီ ပါတီဆိုတာ စိစစ်ဖို့​ မလိုဘူး​။ ဝင်ချင်တဲ့​လူ ဝင်ခွင့်​ပေး​မယ်။ ဝင်ဖို့​ မသင့်​တဲ့​ လူကို​တော့​ ကျ​နော်တို့​ တမျိုး​စဉ်း​စား​မယ် ဒါပဲ။ အများ​ကို​တော့​ ဝင်ခွင့်​ပေး​မယ်။ အဲဒီ​တော့​ ​အောက်​ခြေမှာ အယူအဆ​တွေ လွဲမှာစိုး​လို့​ အား​လုံး​ကို လက်ခံပြီး​တော့​ ကျ​နော်တို့​ဆီ တင်​ပေး​ဖို့​ ကျ​နော်တို့​ အဲဒီလို ထုတ်လိုက်တာပါ။”

အဲ့​ဒီ​ကြေညာချက်မှာပဲ အဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​တွေ နယ်​မြေကွင်း​ဆင်း​ကြတဲ့​အခါ ဗဟို​အောင်နိုင်​ရေး​ အဖွဲ့​ရဲ့​ ခွင့်​ပြုချက်နဲ့​ အခြား​ပါတီ၊​ အဖွဲ့​အစည်း​တွေနဲ့​ ပါဝင် ​ဆောင်ရွက်ကြဖို့​ ဆိုတဲ့​အချက်လည်း​ ပါဝင်ပါတယ်။

ဒီအချက်ဟာ ဆက်သွယ်တာကို တား​မြစ်တာမဟုတ်ဘဲ ​အောင်နိုင်​ရေး​အဖွဲ့​ရဲ့​ သ​ဘောတူညီချက်နဲ့​လုပ်ဖို့​ ​ပြောတာလို့​ ဦး​ဉာဏ်ဝင်း​က ရှင်း​ပြပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ၄၈ ဦး​စလုံး​ရဲ့​ နာမည်စာရင်း​ကို ထုတ်ပြန်ခဲ့​ပြီး​ ဖြစ်ပါတယ်။

No comments: