Friday, January 20, 2012

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်

နေသွင်

မကြာခင်က ​ထောင်ကပြန်လွတ်လာ ကြတဲ့​ ကို မင်း ​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ တွေက ​ရှေ့​ဆက် သွား​မယ့်​ လုပ်ငန်း ​စဉ်နဲ့​ ပတ်သက်လို့​ လာမယ့်​ စ​နေ ​နေ့​မှာ သတင်း​စာ ရှင်း​လင်း​ပွဲ လုပ် မယ်လို့​ ၈၈ မျိုး​ဆက် ​ခေါင်း​ဆောင် တဦး ​ဖြစ်တဲ့​ ကိုမြ​အေး​ က ​ပြောပါ တယ်။

“အဓိကက​တော့​ ကျ​နော်တို့​ ၈၈ ​တွေအ​နေနဲ့​ ဘာလုပ်ခဲ့​တယ်၊​ ဘယ်လို​နေရာမှာ ရပ်​နေတယ်၊​ ဘယ်ကိုသွား​မယ်ဆိုတဲ့​ဟာကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောသွား​မှာ ဖြစ်ပါတယ်။”

ရန်ကုန်မြို့​ ပြည်လမ်း​မှာရှိတဲ့​ ​တော်ဝင်စင်တာမှာ ​နေ့​လယ် ၂ နာရီက​နေ ၄ နာရီအထိ မီဒီယာ​တွေကို ဖိတ်ကြား​ပြီး​ ရှင်း​လင်း​သွား​မယ်လို့​ ဆိုပါတယ်။

လက်ရှိနိုင်ငံ​ရေး​အခင်း​အကျင်း​မှာ ၈၈ မျိုး​ဆက်​တွေ ကြား​ထဲမှာ သ​ဘောထား​ကွဲတာ​တွေ ဖြစ်​ပေါ်နိုင်တယ်လို့​ ကြိုတင်ခန့်​မှန်း​တာ​တွေ ရှိ​နေ​ပေမယ့်​ တပတ်ကြာ ​ဆွေး​နွေး​မှု​တွေအပြီး​မှာ ၈၈ မျိုး​ဆက်​တွေအား​လုံး​ တညီတညွတ်တည်း​ ရှိ​နေတယ်လို့​ ကိုမြ​အေး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​ထောင်ကလွတ်လာတဲ့​လူ​တွေ အား​လုံး​ တသ​ဘောတည်း​၊​ တသား​တည်း​၊​ တ​သွေး​တည်း​ ရှိ​နေတယ် အား​လုံး​က။ ဘာမှ ကျ​နော်တို့​မှာ သ​ဘောထား​ကွဲလွဲမှု မရှိဘူး​။ ကျ​နော်တို့​ ၈၈ ထဲမှာ အား​လုံး​ တသား​တည်း​ ရှိ​နေပါတယ်။ သ​ဘောထား​တွေလည်း​ တထပ် တည်း​ပါ။ ကျ​နော်တို့​ လွတ်လာပြီး​တော့​ ရက်ပိုင်း​မှာ ​တောက်​လျှောက်​ပေါ့​နော်။ ကျ​နော်တို့​ တပတ်တိတိ ဆွေး​နွေး​ပြီး​တဲ့​ အခါမှာ ဆုံး​ဖြတ်ချက်​တွေ ကျပါပြီ။ ကျ​နော်တို့​ ဆုံး​ဖြတ်ထား​တဲ့​အတိုင်း​ပဲ သတင်း​စာရှင်း​လင်း​ပွဲမှာ အ​သေး​စိတ် ​ပြောသွား​မှာ ဖြစ်ပါတယ်။”

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ၂၀၀၇ ​လောင်စာဆီ ​ဈေး​နှုန်း​မြင့်​တက်သွား​တာကို မ​ကျေနပ်လို့​ လမ်း​လျှောက်ဆန္ဒပြစဉ် အဖမ်း​ခံရပြီး​၊​ နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခံရက​နေ ပြီး​ခဲ့​တဲ့​ တပတ်က ပြန်လည် လွတ်​မြောက်လာကြတာဖြစ်ပါတယ်။

No comments: