Monday, January 9, 2012

လောင်စာဆီကိစ္စ မူစယ်မြို့ရှိ ကုန်သည်နှင့် ၀န်ထမ်းများ စစ်ဆေး ခံနေရ

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ် ဖြတ်၍ လောင်စာဆီ တရား မဝင် တင်သွင်း နေသည့် ကိစ္စအပေါ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ ဆီကုန် သည်နှင့် ၀န်ထမ်း များကို ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင် သည့် အဖွဲ့က ယခုလ ရ ရက် နေ့က စတင် စစ်ဆေး နေကြောင်း သိရသည် ။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်ကာ စွမ်းအင်နှင့် အုပ်ချုပ်ရေး ဋ္ဌာနမှ အဖွဲ့ ဝင်များ ယခုလ ရ ရက် နေ့က မူစယ်မြို့ ရောက်ရှိ လာကာ စုံစမ်း စစ်ဆေးမှု ပြုလုပ် နေကြောင်း မြို့ခံ ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

“မန်ဝိန်းကြီး ၊ ဆင်ဖြူနဲ့ ၁၀၅ မိုင် နယ်စပ် ဂိတ်တွေ လိုက်စစ်တယ်။ ဆီဆိုင် ပိုင်ရှင်တွေကို ခေါ်စစ် ဆေးတယ်။ ပြီးမှ ဝန်ထမ်းတွေ ခေါ်စစ် မယ်။ အချက် အလက် တွေရှိမှပဲ အရေး ယူမှု တွေရှိ လာမယ် ထင်တယ် ” ဟု ၀န်ထမ်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည် ။

ယနေ့ ညနေ ပိုင်းတွင် ပြည်ထဲရေး ဒုဝန်ကြီး မူစယ်မြို့မှ ပြန်လည် ထွက်ခွာ သွားပြီး ကျန်အဖွဲ့ဝင်များမှ ဆက်လက် စစ်ဆေး နေ ကြောင်း သိရသည် ။

တရုတ် - မြန်မာ နယ်စပ်၌ ဒေသ အတွင်း ဖြစ်ပေါ် နေသည့် လောင်စာဆီ ဈေးကွက် အပေါ် မူတည်၍ အပြန် အလှန် ဓါတ်ဆီ နှင့် ဒီဇယ် များ တရားမဝင် သယ်ယူမှု ရှိနေကြောင်း သိရသည် ။

No comments: