Sunday, January 15, 2012

ဆီလှောင်ကန်ကြီး နမ့်ခမ်းမြို့ နယ်တွင် အကြီး အကျယ် တည်ဆောက်နေ

သျှမ်းသံတော်ဆင့်

တရုတ် နိုင်ငံမှ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ နယ်ထဲ ဝင်လာသည့် ဂက်စ် ပိုက်၊ ရေနံစိမ်း ပိုက်တင်ကား နေ့တိုင်း သွား လာနေပြီး ရေနံစိမ်း သိုလှောင် ကန်ကြီး ကိုလည်း နမ့်ခမ်း မြို့နယ် ရွှေလီမြစ် တဘက် ကမ်း၌ တည်ဆောက် နေကြောင်း သျှမ်း ပြည် မြောက်ပိုင်း သတင်း ရပ် ကွက် က ဆိုပါသည်။

ယမန်နှစ် နှောင်းပိုင်း မှ စ၍ ယနေ့တိုင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင် နေသည့် နမ့်ခမ်းမြို့ ရွှေလီ တဘက် ကမ်း မန့်ဟောင်း ကျေးရွာ အုပ်စု အတွင်း အိမ်ခြေ အလုံး ၃၀ မက ဝင်ဆန့် နိုင်သည့် ဧရိယာ အတွင်း ဆီလှောင် ကန်ကြီး တည်ဆောက် ကြောင်း၊ သိမ်းထား သည့် လယ်မြေ ယာမြေ အတွက် လျော်ကြေးအား ပထမရစ် (တစ်ဧက ၁၃၅ သိန်း) လျော်ကြေးထက် ဝက်သာ ပေးသေး ကြောင်း၊ကျန် သည့် တဝက်အား မည်သည့် အချိန် ပေးမည် ကိုတော့ မသိ ရကြောင်း ဒေသခံ များက ပြောပါ သည်။

“ပိုက်လိုင်းက နမ့်ခမ်းမြို့ တောင်ဘက် ကနေ အနောက်ဖက် မုံးဝွီး၊ ကောင်းကတ်၊ နမ့်တီး၊ နောင်ကောင်း၊ ကွန်လုံမြောက် ဘက် မန့်ဟောင်းကျေးရွာအုပ်စု ဆီသိုလှောင်ကန်ဘက် ကွေ့ပတ်သွယ်တန်းတယ်၊ သိမ်းထားတဲ့ လယ်မြေတွေမှာ ၅ နှစ်အတွင်း ပြန်လည် စိုက်ပျိုးလို့ရမယ်လို့ ပြောတယ်။ လျှော်ကြေးလဲ ထက်ဝက်ဘဲပေးသေးတယ်” - ဟု အဆိုပါ ဒေသခံက ဆက်၍ ပြောပါသည်။

မြန်မာနိုင်ငံ သျှမ်းပြည်ဘက်ခြမ်း ဆီသိုလှောင်ကန်တည်ဆောက်ရခြင်းနှင့်ပတ်သက်ပြီး ပိုက်လိုင်းအရေးလှုပ်ရှားနေသည့် ဂျက်စမင်းက အကြောင်းရင်း နှစ်ခု ရှိကြောင်း - ၁။ ဆီသိုလှောင်ကန်အား သျှမ်းပြည်ဘက်၌ထားခြင်းအားဖြင့် ဆီယိုစိမ့် မှု ဖြစ်ပွားပါက တရုတ်ပြည် သားများအားမထိအောင် ၂။ ဆီသိုလှောင်ကန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သျှမ်းပြည်သို့ မြန်မာစစ်တပ်အင်အား တိုးချဲ့ ချထား နိုင်အောင် သျှမ်းပြည် ဘက်ခြမ်း တည်ဆောကဖို့ မြန်မာအစိုးရက ခွင့်ပြုရခြင်းဖြစ် ကြောင်း - သုံးသပ်ပြောဆိုပါသည်။

No comments: