Friday, January 13, 2012

မစ်ခ်ျ မက်ကော်နယ် မြန်မာပြည် လာမည်

ဧရာဝတီ on January 13, 2012


မြန်မာ့ အရေးကို အလေးပေး ပြောဆိုခဲ့သော ရီပတ်ဘ လီကန် လွှတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ် မြန်မာ ပြည်သို့ ပထမဆုံး အကြိမ် လာရောက် မည်ဟု သတင်း ရရှိသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ခရီးစဉ်အတွင်း မက်ကော်နယ်သည် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအာဏာပိုင်တို့နှင့် သီးခြားတွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး မည်ဟု သိရှိရသည်။

၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို စတင် ပြောဆိုခဲ့သူ မက်ကော်နယ်သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု လျှော့ချရေးတွင် အရေးပါသည့် နေရာ၌ ရှိနေသည် လေ့လာသူများက သုံးသပ်သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးသည် လျှင်မြန်မာစွာ အကောင်အထည်ပေါ်လာဦးမည် မဟုတ်သော်လည်း အမေ ရိကန်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ပြန်လည်ခန့်ထားရန် စဉ်းစားနေပြီဖြစ်ကြောင်း၊ သို့သော် လွှတ် တော်၏ သဘောတူညီချက် ယူရဦးမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ သံရုံးတာဝန်ခံကိုသာ အဆင့် အမြင့်ဆုံးအဖြစ် ခန့်ထားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲမှုတချို့ စတင်လုပ်ဆောင်လာခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အပါအဝင် အမေရိကန် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ လာရောက်ခဲ့ကြသည်။

No comments: