Saturday, January 7, 2012

ကေအန်ပီပီနှင့်​ မြန်မာအစိုး​ရတပ် တိုက်ပွဲဖြစ်

မန်းစိုင်းမွန်

မြန်မာအစိုး​ရနဲ့​ ပြီး​ခဲ့​တဲ့​နှစ်ကုန်ပိုင်း​က ငြိမ်း​ချမ်း​ရေး​ ပဏာမ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​ ကရင်နီ အမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ) နဲ့​ အစိုး​ရတပ်​တွေအကြား​ ဇန်နဝါရီလ ပထမအပတ်အတွင်း​မှာ ရင်ဆိုင်တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့​ပါတယ်။

လွိုင်​ကော်မြို့​အ​ရှေ့​မိုင် ၄၀ အကွာ ရှား​တောမြို့​နယ်မှာ မ​နေ့​က တိုက်ပွဲ ထပ်မံဖြစ်ပွား​ခဲ့​တယ်လို့​ ​ကေအန်ပီပီ အတွင်း​ရေး​မှူး​ ၁ ခူဦး​ရယ်က ​ပြောပါတယ်။

“မ​နေ့​က မနက် ၇ နာရီခွဲ​လောက်မှာ ကျ​နော်တို့​ ရှား​တောခွင် ​မြောက်ပိုင်း​ပေါ့​နော်။ ရန်သူ့​ဘက်က ခမရ ၄၂၈ က တိုက်ပွဲတပွဲ ထပ်ဖြစ် တယ်။ အဲဒီမှာလည်း​ ကျ​နော်တို့​ အ​လောင်း​ ၄ ​လောင်း​ရတယ်ဗျာ။ လက်နက် ၂ လက် ရတယ်။ ကျည်ကပ်က ၄ ​ဘောက်​ပေါ့​နော်။”

ဇန်နဝါရီလ ၁ ရက်​နေ့​က ဖား​ဆောင်း​မြို့​နယ် ​မော်ချီး​နဲ့​ ​တောင်ငူ ကား​လမ်း​မှာ မြန်မာအစိုး​ရတပ် ခလရ ၇၂ နဲ့​ တကြိမ်၊​ ဇန်နဝါရီ ၂ ရက်​နေ့​မှာ ဖား​ဆောင်း​မြို့​နယ်ထဲမှာပဲ ခလရ ၁၃၅ နဲ့​ တကြိမ် ​ကေအန်ပီပီ တပ်ဖွဲ့​တွေနဲ့​ တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ ကျဆုံး​ ဒဏ်ရာရမှု​တွေ ရှိခဲ့​တယ်လို့​ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ​တွေ ဆက်တိုက် ဖြစ်ပွား​နေတာ​ကြောင့်​ မြန်မာအစိုး​ရနဲ့​ ​ရှေ့​ဆက် ​ဆောင်ရွက်မယ့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ခူး​ဦး​ရယ်က အခုလို​ပြောပါတယ်။

“ကျ​နော်တို့​ နှစ်ဖက် တရား​ဝင် ​တွေ့​ဆုံ​ဆွေး​နွေး​ခြင်း​လည်း​ မရှိ​သေး​တော့​ သ​ဘောတူညီမှုလည်း​ မရ​သေး​တဲ့​ အခါကျ​တော့​ ရင်ဆိုင် တိုက်ပွဲ​တွေ ဖြစ်​နေတာက​တော့​ အခုမှ​တော့​ မဟုတ်ဘူး​ပေါ့​။ အဲဒီ​တော့​ ကျ​နော်ထင်ပါတယ်။ ကျ​နော်တို့​တစုံတရာ ထိခိုက်စရာ အ​ကြောင်း​မရှိပါဘူး​။ ကျ​နော်တို့​နှစ်ဘက်တရား​ဝင် ​တွေ့​ဆုံ​ဆွေး​နွေး​တာမျိုး​မှ မလုပ်​သေး​တာကိုး​။”

ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေကို ဘယ်​တော့​ ထပ်လုပ်မလဲ ဆိုတာကို​တော့​ မြန်မာအစိုး​ရနဲ့​ ​ကေအန်ပီပီ ၂ ဖွဲ့​အကြား​မှာ ရက်ချိန်း​ အတိအကျ မရှိ​သေး​ပါဘူး​။

No comments: