Saturday, December 15, 2012

စစ်ဗိုလ်လူထွက် ပလောင်လူငယ်နှစ်ဦးကို ရိုက်နှက်

သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ စစ်တပ်မှ အငြိမ်းစားယူထားသော ဗိုလ်ကြီး အောင်ဇော်မြင့် ဆိုသူသည် စစ်ဗျူဟာမှူး အရှိန်အဝါသုံး၍ ဒေသခံ ပလောင် လူငယ် ၂ ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှု တစ်ခု သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအတွင်း ယခုလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ပလောင်လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် ၄င်းစစ်ဗိုလ်အောင်ဇော်မြင့် စီးနင်းလာသည့် ဆိုင်ကယ်တို့ တိုက်မိရာမှ အချင်းများပြီး အဆို ပါ အငြိမ်းစားစစ်ဗိုလ်မှ ပလောင်လူငယ် နှစ်ဦးအား ဗျူဟာမှူးအမည်သုံးကာ ထိုးကြိတ်ရိုက်နှက်ခြင်း ဖြစ်ကြောင်း မုံးဝီးဒေသခံတစ် ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည် ။

“အဲဒီနေ့က မုံးဝီးဈေးနေ့ပေါ့ နမ့်ခမ်းဘက်ကဈေးလာဝယ်တဲ့ ပလောင်လူငယ်နှစ်ယောက်စီးတဲ့ ဆိုင် ကယ်နဲ့ အငြိမ်းစား ဗိုလ်ကြီး အောင်ဇော် မြင့်စီးတဲ့ ဆိုင်ကယ် ဈေးထဲမှာ တိုက်မိတဲ့အခါကျတော့ ပလောင်လူငယ်တွေဘက်က ဒဏ်ရာ နည်း နည်းရသွားတယ် သူတို့က အငြိမ်းစား ဗိုလ်ကြီးကို ခင်ဗျားမှားတယ်ဆိုပြီး ပြောတာပေါ့ အဲဒီဗိုလ်ကြီးက စစ်ဗျူဟာမှူးနဲ့ ရင်းနှီးတော့ မကျေနပ်ရင် ဗျူဟာမှူးဆီသွားရှင်းမလားဆိုပြီး ခေါ်တာပေါ့ အဲဒီမှာပဲ ဗျူဟာမှူး နံမည်သုံးပြီး သူကိုယ်တိုင် ထိုးကြိတ် ရိုက်နှက် လိုက် တယ် ” ဟု ဒေသခံက ဆိုသည် ။

အဆိုပါ အငြိမ်းစားစစ်ဗိုလ်၏ ရိုက်နှက်မှုကြောင့် ပလောင်လူငယ်များဘက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ရိုင်းပျ စွာ အနိုင်ကျင့် စော် ကားသည့် အပေါ် မုံးဝီးဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။

၎င်းအငြိမ်းစားစစ်ဗိုလ်မှာ မုံးဝီးကျေးရွာတွင် နေထိုင်ကာ ဆန်အရောင်းအဝယ် လုပ်ကိုင်နေရာ ၄င်း၏ မောက်မာ ရိုင်းစိုင်းစွာ ဆက်ဆံ တတ် သည့် အလေ့အထကြောင့် ဒေသခံများနှင့်လည်း သင့်မြတ်ခြင်း မရှိကြောင်း သိရသည် ။

No comments: