Tuesday, January 21, 2014

လွတ်ရန်မသေချာသည့် နိုင်ကျဉ်း ၃၀ ကျော်ရှိနေသေး

အေးမြင့်စန်း

နိုင်ငံရေးအကျဉ်းသားအားလုံး ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် လွှတ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ဆိုသော် လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းများအရ တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်များတွင် နိုင်ကျဉ်း ၃၀ ကျော် ကျန်ရှိနေပြီး ဇန်န၀ါရီလအတွင်း လွတ်မြောက်ရန် မသေချာသေး ဟု ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ဇန်န၀ါရီ ၂၀ တွင် မဇ္ဈိမကို ပြောသည်။

ကော်မတီက တင်ပြထားသော စာရင်းများအရ နိုင်ကျဉ်းဟောင်း ၃၀ ကျော် ကျန်ရှိနေရာ ကော်မတီ အ စည်းအဝေး ဇန်န၀ါရီအတွင်းလုပ်ရန် မသေချာသောကြောင့် ယခုလအတွင်း လွတ်မြောက်ရန် မဖြစ်နိုင် တော့ဟု ဆိုခြင်းဖြစ်သည်။

“ထပ်ဆွေးနွေးဖို့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။ ဇန်န၀ါရီလထဲမှာ ဆွေးနွေးဖို့တောင် မသေချာ သေးဘူး”ဟု ဦးရဲအောင်က ပြောသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ဒီဇင်ဘာလအတွင်း တင်ပြထားသော စာရင်းများ အရ နိုင်ကျဉ်း ၁၂၅ ဦးရှိပြီး ဒီဇင်ဘာ ၃၁ ရက်က လွတ်ငြိမ်းချမ်းသာခွင့်တွင် လွတ်မြောက်လာသော် လည်း နောက်ထပ် ၃၃ ဦး ကျန်ရှိနေခြင်းဖြစ်သည်။ သို့သော် သမ္မတ၏ ဇန်န၀ါရီ ၂ ရက် မိန့်ခွန်းတွင်မူ နိုင်ကျဉ်း လုံးဝမရှိတော့ဟု ပြောဆိုထားသည်။

လက်ကျန် နိုင်ကျဉ်းများ လွှတ်ပေးရေးနှင့်ပတ်သက်ပြီး ကော်မတီဝင် ဦးစိုင်းညွန့်လွင်က “သူတို့ထဲမှာ အခြားအခြေအနေတွေ အများကြီး ရှုပ်ရှုပ်ထွေးထွေး ရှိတယ်။ ကျွန်တော်တို့က ဘာမှမလုပ်သေးဘူး၊ သမ္မတကို ညှာတဲ့အနေနဲ့ စောင့်ကြည့်နေတာ”ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကြည်ကလည်း နိုင်ငံရေးအကျဉ်းသား မရှိ တော့ဟု ဆိုခြင်းကို ဝေဖန်ပြောဆိုသည်။ “နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးဆိုတာ လက်ခံနိုင်စရာမရှိ တော့ဘူး၊ သမ္မတတစ်ယောက်အနေနဲ့ ပေးတဲ့ကတိအတိုင်း ပီပီပြင်ပြင်မဖြစ်သေးဘူး”ဟု ဦးထွန်းကြည် က ပြောသည်။

လက်ကျန်နိုင်ကျဉ်း စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးပါတီဝင်များ ပါဝင်သည့် ၁၆ ဦးဖြင့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖွဲ့စည်းပေးခဲ့သည်။ ကော် မတီ၏ စိစစ်မှုများအရ ဧပြီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၃၅၄ ဦး ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပြီးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင် မြန်မာနိုင်ငံအတွင်း အကျဉ်း ထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိခဲ့သည်။

No comments: