Wednesday, January 22, 2014

တိုင်းရင်းသား ၁၃၅ မျိုးအမည်များဖြင့်သာ သန်းခေါင်စာရင်း ကောက်ယူသွားမည်

အေးမြင့်စန်း

မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားမျိုးနွယ်စုအချို့က မိမိတို့အ မည်များဖြင့် ကောက်ခံရန် တောင်းဆိုမှုများရှိသော်လည်း သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုး ဖြင့်သာ ကောက်ယူသွားမည်ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန် တိုင်းဦးစီးမှူး ဦးကြည်လင်းက မဇ္ဈိမကို ပြောသည်။

“မတ်လမှာ ကောက်ယူတော့မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း သတ်မှတ်ချက်တွေကို ပြင်ဆင်သွားဖို့ မရှိပါဘူး၊ တိုင်းရင်းသား ၁၃၅ မျိုးအတိုင်းပဲ ကောက်ယူသွားမှာပါ”ဟု ဦးကြည်လင်းက ပြောသည်။

တိုင်းရင်းသားမျိုးနွယ်စုများအမည်ကို ပြောင်းလဲသတ်မှတ်ပေးခြင်းမှာ ပြည်ထောင်စုလွှတ်တော်ကသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အရင်ကမှတ်တမ်းတင်တုန်းက အသစ်ဆန်းဖြစ်နေတဲ့သူတွေက ကွဲနေခဲ့ပြီး အခုမှပေါင်းလာတဲ့ မျိုးနွယ် တွေလဲ ရှိကောင်းရှိနိုင်တယ်။ ပြည်သူကဆုံးဖြတ်ရမဲ့ အဆင့်ဖြစ်ပါတယ်၊ ပြည်သူဆုံးဖြတ်နိုင်ဖို့ လွှတ် တော်ကလဲ ရှိနေတဲ့အတွက် လွှတ်တော်ကိုပဲ တင်ပြရမှာဖြစ်ပါတယ်”ဟု ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အမည်ကွဲပြားနေမှုများ၊ နာမည်မှားနေမှုများ၊ မျိုးနွယ်စုငယ် များကို စုပြီး အမည်တစ်မျိုးတည်းဖြင့် ကောက်ခံရန် စသည့်တောင်းဆိုမှုများ ရှိနေသော်လည်း ယခုသန်း ခေါင်စာရင်းတွင်မူ ပြောင်းလဲရန် မဖြစ်နိုင်တော့ဟုလည်း ၎င်းက ဆိုသည်။

ဦးကြည်လင်းက“တစ်ယောက်တစ်မျိုးစီ ကွဲပြားပြောဆိုနေတာကို တစ်ပြေးညီဖြစ်အောင်လုပ်ဖို့ အဖြေက စစ်တမ်းတစ်ခုလိုတယ်၊ ပြည်သူအားလုံးပါဝင်ပြီး သန်းခေါင်စာရင်းမှာဖြည့်ပေးဖို့ လိုပါတယ်”ဟု ပြော သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်ပြီး ကူကီးနာမည်ဖြင့်သာ ကောက်ယူရန် ကူကီး တိုင်းရင်း သားများက သမ္မတနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည် သူ့လွှတ်တော်သို့ တင်ပြထားပြီး ချင်းမျိုးနွယ်စု ခူမီးလူမျိုးများကလည်း သန်းခေါင်စာရင်းတွင် ခူမီးလူမျိုး အမည်မှန် ပြင်ပေးရန် တောင်းဆိုထားမှုများ ရှိနေသည်။

ယင်းသို့ တောင်းဆိုခြင်းနှင့်ပတ်သက်ပြီး ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းက “စစ်အစိုးရလက်ထက်က သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးအတိုင်း ကောက်မယ် ဆိုရင် လက်မခံနိုင်ဘူးလေ။ ဒီအတိုင်း ကောက်မယ်ဆိုရင် သဘောမတူတဲ့ တိုင်းရင်းသားတွေနဲ့ အရှုပ် အထွေးတွေ ဖြစ်လာနိုင်တယ်၊ သန်းခေါင်စာရင်းမကောက်ခင် တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကူကီးတိုင်းရင်းသားများ၏ အမည်နာမများ မှန်ကန်အောင် ဖြည့်ပေးနိုင်ရန် ကူကီးတိုင်းရင်း သားများနေထိုင်ရာ ပြည်နယ်များတွင် ကူကီးလူဦးရေစာရင်း ကောက်ယူရေးကို ကူကီးတိုင်းရင်းသား အ ဖွဲ့အစည်းများက စမ်းသပ်ကောက်ယူနေပြီး ယင်းစမ်းသပ်ကောက်ယူခြင်းသည် အစိုးရ၏ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူသည့်အခါတွင် လူဦးရေစာရင်း အတိအကျနှင့် အမည်များ မှန်ကန်စွာဖြည့် နိုင်ရန်အတွက် ဖြစ်သည်။ ထို့အပြင် ကယန်းတိုင်းရင်းသား မျိုးနွယ်စုလေးခုကို ကယန်းအမည်ဖြင့်သာ အတွင်းက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ သန်းချီရှိနေသည့် မျိုးနွယ်စုများရှိသကဲ့သို့ လူဦးရေမရှိဘဲ မျိုးနွယ်စု တစ်ခုလျှင်လူ ကိုးဦးခန့်သာ ရှိနေသည့် မျိုးနွယ်စု ၃၄ စုရှိနေပြီး ယင်းမျိုးနွယ်စုများကို မှတ်တမ်းတင် ထားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်မတ်လတွင် စတင်ကာကောက်ယူသွားမည်ဖြစ်ပြီး ယခင် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူခဲ့သည်။

No comments: