ချစ်စု
စစ်အစိုးရ သည်၊ ပြည်သူ့ ထံအာဏာ မလွှဲရေးမူ ကို ခိုင်မြဲစွာ ချမှတ်ကျင့် သုံးသူများ ဖြစ်သည်။ အာဏာ မလွှဲရေးသည် ၄င်းတို့၏ သေနင်္ဂ မဟာဗျူဟာ ဖြစ်ပြီး ဤအရေးမှ အပ ကျန်သည့် အရေးများ မှန်သမျှသည် သစ္စာဖေါက် ဖျက်ရန်ဝန် မလေးသည့် နည်းပရိယာယ် ပင်ဖြစ် တော့သည်၊၊ ဤသည်ကို သာဓက ပြရမည် ဆိုပါက အနီးဆုံး သမိုင်းကို ပြန်ကြည့် ရင်တောင် တွေ့မြင် နေရ ပါသည်၊၊
(၈၈)အရေးတော်ပုံကြီး၊ ဒီပဲယင်းလူသတ်ပွဲနှင့်သံဃာတော်များ၏ (၂ဝဝ၇)ခုနှစ် ရွှေဝါရောင် တော်လှန်ရေးများကို ပြန်ကြည့်လျှင် ရက်ရက်စက်စက် နှိမ်နှင်းလိုက်သည့် သာဓကကို မြင်နိုင်ပါသည်၊၊ ဤသည် ၄င်းတို့၏ အာဏာကိုထိခိုက်စေမည့် လုပ်ရပ်မှန်သမျှကို အထက်ပါနည်းဖြင့် တန်ပြန်ပြလိုက်ခြင်းဖြစ်ပါသည်၊၊ ဤအဖြစ်များ၏ အရင်းခံသဘောစစ်စစ်သည် ၄င်းတို့၏ မူလဗီဇဇစ်မြစ်၏ စိတ်ရင်းအမှန်အတိုင်းကို ထင်ရှားစွာ မီးမောင်း ထိုးပြထားတာ တွေ့မြင်နိုင်ပါသည်၊၊ တနည်းပြောရမည်ဆိုလျှင် ၄င်းတို့အာဏာကိုယှဉ်လာသမျှ အမြစ်ဖြတ် ချေမှုန်းပစ်သည်ချည်းပါ၊၊ နအဖအပေါ် အမြင်ရှင်းရှင်းနှင့် အာဃာတတရားမဲ့သည့် အမြင်မျိုးနှင့် ကြည့်စေချင်ပါသည်၊၊
- နအဖရေးဆွဲထားသည့် (၂ဝဝ၈) အခြေခံဥပဒေ အတည်ပြုပွဲကို ပြန်ကြည့်စေချင်ပါသည်၊၊ နာဂစ်မုန်တိုင်းကြောင့် လူတွေသိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ပြီး၊ သန်းနဲ့ချီ အိုးအိမ်မဲ့ဖြစ်သွားရသည့် ပြည်သူ့ဘဝကိုတောင် မငဲ့ကွက်ဘဲ ၄င်းတို့ အကျိုးစီးပွားအတွက်ကိုသာ ရည်ရွယ်ပြီး ၄င်းတို့ဖွဲ့စည်းပုံကို မရမက အတည်ပြုခဲ့သည် မဟုတ်ပါလော၊၊
- နအဖ၏ဆိုးသွမ်းယုတ်မာမှုများသည် ပြောမဆုံးဘောင် တောသုံးတောင်ကိုများလှပါသည်၊၊ ဤသို့ကြောင့် ၄င်းတို့၏ အရင်းခံစေတနာသည်၊ အာဏာမလွှဲရေးပင် ဖြစ်ပါတော့သည်၊၊ ယခုလည်းပြည်သူ့အချစ်တော် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ နိုင်ငံခြားသားတဦး လျို့ဝှက်ဝင်ရောက်သည့်ကိစ္စနှင့် ပါတ်သက်ပြီး၊ စစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာမှ ထုတ်ပြန်ခဲ့သည်မှာ ---
--ရန်ကုန်မြို့ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဆောက်အအုံအနီး၊ အင်းယားကန်အတွင်း၌ မသင်္ကာဖွယ်၊ နိုင်ငံခြားသားတဦးသည် (၅)လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် ရေကူးခတ်နေကြောင်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများက ယနေ့နံနက်(မေ ၆) ၅နာရီခွဲတွင် တွေ့ရှိ၍လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့သည်၊၊
-လုံခြုံရေးတာဝန်ရှိသူများ၏ ပဏာမစစ်ဆေးမှုပြုစဉ် ကာယျကံရှင်၏ကိုယ်တိုင် ထုတ်ဖေါ်ဝန်ခံချက်အရဖေါ်ပြပါမသင်္ကာ ဖွယ်နိုင်ငံခြားသားသည် အမေရိကန်ပတ်စ်ပို့-(PP.No-4397677222/28.4.2008) ကိုင်ဆောင်ထားသူ အမေရိကန်
နိုင်ငံသား Mr.John Willian Yeattaw ဆိုသူဖြစ်ကြောင်း၊ ၄င်းသည်ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ရန်ကုန်မြို့သို့မေ (၂)ရက်တွင်ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မြို့ဗျူးတီးလန်(၂) ဟိုတယ်တွင်တည်းခိုကြောင်း၊ မေ(၃) ရက် ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဖက်သို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကြောင်း၊ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့တိတ်တဆိတ်လျို့ဝှက် ဝင်ရောက်နေထိုင်ခဲ့ကြောင်း၊ မေ ၅ ရက်ညပိုင်း ချိန်မှသာ အင်းယားကန်အတွင်းမှ ရေကူး၍ပြန်ထွက်လာစဉ် လုံခြုံရေးတပ်ဖွဲ့မှတွေ့ ရှိဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ သိရှိရသည်၊၊---ဟူ၍
- ဤသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ နိုင်ငံခြားသားတဦး၊ လျို့ဝှက်ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပါတ် သက်ပြီး နအဖထုတ် မြန်မာ့အလင်းသတင်းစာပါ အချက်အလက်များ ဖြစ်ပါသည်၊၊ ဤနေရာတွင် အမဲရောင်ဖြင့်ဖေါ်ပြ ထားသည့် အချက်နှစ်ချက်မှာ ကွဲလွဲနေပါသည်၊ ဖမ်းဆီးချိန်နှင့် အဖမ်းခံရသည့်အချိန် မတူညီပါ၊၊ နအဖဖက်မှပြော သည်မှာ လုံခြုံရေးအဖွဲ့ တွေ့ရှိဖမ်းဆီးချိန်မှာ မေလ(၆)ရက် နံနက်(၅)နာရီခွဲ ဟုရေးထားပါ သည်၊၊ သို့သော်ကာယကံ ရှင်ကို မေးမြန်းထားသည့်စာပိုဒ်တွင် ကာယကံရှင်က မေ(၅)ရက်ညပိုင်းချိန် တွင်အဖမ်းခံရသည်ဟု ရေးသားထားပြန် ပါသည်၊၊ ထို့ကြောင့် စစ်အစိုးရ၏ လုပ်ဆောင်ချက်က ဤရေးသားချက်ထဲမှာတောင် ကြံကြီးစည်ရာ ဒွိဟပွားစရာဖြစ်နေ ပါသည်၊၊
- ထို့ကြောင့် အငြင်းပွား စရာမရှိ သည်မှာ ဒေါ်အောင်ဆန်း စုကြည်သည် လူထုကို ခေါင်းဆောင်ပြီး စစ်အာဏာ ရှင်စနစ် ကိုတိုက်ဖျက် နေတာပါ၊၊ တနည်း ပြောရ မည်ဆိုပါက ဤတိုက်ပွဲသည် စနစ်ပြောင်း တိုက်ပွဲဖြစ်ပြီး နအဖ၏ စစ်အာဏာကို ပြည်သူထံ လွှဲအပ် ပေးခြင်း ဖြစ်ပါသည်၊၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီပဲယင်းလူသတ်ပွဲမှာ ချေမှုန်းခဲ့ပြီးပါပြီး၊ အသစ်အဆန်းတော့မဟုတ်ပါ၊၊ ယခုလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ နိုင်ငံခြားသားတဦး၊ လျို့ဝှက် ဝင်ရောက် သည့်ကိစ္စလောက်တော့ ပြုံးတာပေါ့၊၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖအတွက် မလိုအပ်တော့သည့် နောက် ဆုံးတနေ့တွင် ၄င်းတို့ကသာ ဧကန်မလွဲချေမှုန်းမည်ဖြစ်ပါသည်၊၊ ဤသို့ကြောင့် ဒေါ်အောင်ဆန်းစု ကြည်၏လုံခြုံရေး သည် စိုးရိမ်စရာမလိုကြောင်း၊ လက်ခုတ်ထဲကရေပင် ဖြစ်ကြောင်းတင်ပြ အပ်ပါသည်၊၊
No comments:
Post a Comment