Friday, May 22, 2009

ယနေ့ ရုံးချိန်းပြီးဆုံး

သောကြာနေ့၊ မေလ 22 2009 18:30 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ငါးရက်မြောက်ဖြစ်သည့် ယနေ့တွင်လည်း တရားခွင် ကြားနာချိန် အစပိုင်းရက်များကထက် ပိုမို ကြာမြင့်ခဲ့သည်။

----------------------------------------------------


တရားခွင်ကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းလူငယ်များ ပြော
သောကြာနေ့၊ မေလ 22 2009 18:15 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရှိ သူ၏ပါတီဝင် လူငယ်များက “တရားခွင်သည် အများပြည်သူ ရှေ့မှောက်ပြုလုပ်သော လွတ်လပ်သည့် တရားခွင် မဟုတ်သဖြင့်” ဆိုကာ ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ဧရာဝတီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့၏ လှုပ်ရှားမှု တခုဖြစ်သည့် ယနေ့ ကြေညာချက် ထုတ်ပြန်မှုတွင် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသူ” ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

No comments: