Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ လုံခြုံရေးများ ရုပ်သိမ်း

မဇ္ဈိမသတင်းဌာန စနေနေ့၊ မေလ 23 2009

နယူးဒေလီ။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှ တက္ကသိုလ် ရိပ်သာ လမ်းတွင် တည်ရှိသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်ရှေ့ ပတ်ဝန်း ကျင်တွင် ချထား သော လုံခြုံရေး တပ်ဖွဲ့နှင့် အတား အဆီးများ ကို ယခုအခါ ပြန်လည် ရုပ်သိမ်း လိုက် ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗဟန်းမြို့ ရွှေတောင်ကြားရပ်ကွက် အိမ်နံပါတ် ၅၄/၅၆ ရှေ့ လမ်းပေါ်တွင် တင်းကျပ်စွာ ချထားသည့် လုံခြုံရေးများအား ယနေ့ နံနက်ပိုင်းတွင် မထားရှိတော့ခြင်း ဖြစ်သည်။

ယခုလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်မှ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံရပြီး၊ လက်ရှိတွင် အကျဉ်းထောင်အတွင်း၌ တရားရင်ဆိုင်နေရသည်။

No comments: