Sunday, May 24, 2009

ရန်ကုန်တွင် မိုးကြီး၍ လမ်းတော်တော်များ ရေမြုပ်

Narinjara News

ယမန်နေ့က ရန်ကုန်မြို့တွင် မိုးအ ဆက် မပြတ်ရွာသွန်း သဖြင့် နေရာ အတော်များများကို ရေနစ်မြုပ် သွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ နံနက် ၈ နာရီမှ စတင်ရွာသွန်းခဲ့သော မိုးမှာ တဖြည်းဖြည်းနှင့် သည်းလာရာမှ ၁၁ နာရီခန့်တွင် ပိုမို ရွာသွန်း လာပြီး ဆက် တိုက် တနေ့လုံး ရွာသွန်း နေ့သည်ဟု ရန်ကုန်သား တဦးက ပြောသည်။

ယခုကဲ့သို့ မိုးဆက်တိုက်ရွာသွန်းနေသဖြင့် အများစု ပြည်သူများမှာ အလုပ်ပျက် အကိုင်ပျက် ဖြစ်ခဲ့ရသည်ဟု သိရသည်။


ယခုကဲ့သို့ မိုးရွာပြီး လမ်းများ ရေမြုပ်ခဲရခြင်းမှာ ရန်ကုန် မြူနီစပယ်မှ ကြိုတင် ပြင်ဆင်မူ မရှိသည့် အပြင် ရေမြောင်းများထဲတွင် အမိုက်သရိုက်များ ပိတ်ဆို့နေ၍ ဖြစ်သည်ဟု လမ်းဘေးဈေးသည် တဦးက ပြောသည်။

No comments: