Saturday, May 16, 2009

အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့

လေးငယ်

ရန်ကုန်တိုင်း၊ ခရမ်းမြို့ ၏မြို့နယ် အုပ်ချုပ် ရေးမှုး (မြို့နယ်မယကဥက္ကဌ) သည်၊ ဦးလှသောင်း ဖြစ်ပါသည်၊၊ ၄င်းသည် ခရမ်မြို့ နယ်ကို အုပ်ချုပ် လာခဲ့သည်မှာ နှစ်နှစ်နီးပါး ခန့်ရှိ နေပါပြီး၊၊ သူ၏ လက်အောက်တွင် ရပ်ကွက် ကျေးရွာ အုပ်စုများမှ (ရယက) စာရေး ပေါင်း၊(၆ဝ)ဦးခန့်ရှိ ပါသည်၊၊ ၄င်းစာရေး များသည်၊ သူအုပ်ချုပ် ခဲ့သည့် ဤနှစ်နှစ်ခန့် အတော အတွင်းမှာ (၂၂)ဦး အနားယူ သွားခဲ့ပါသည်၊၊ ဘာ ကြောင့် ယခုလိုဖြစ် သွားရ ပါသလဲ၊ နှုတ်ထွက် သွားခဲ့ကြသည့် စာရေး များနှင့် မေးမြန်းပြီး အောက်ပါအတိုင်း တင်ပြပါရစေ၊၊


နှုတ်ထွက်သွားကြသည့် အကြောင်းရင်းများမှာ ဝန်ထမ်းစာရေးများကို လစဉ်အစည်းအဝေး (၄)ကြိမ်မှ (၅)ကြိမ် ပြုလုပ်ခဲ့ပါသည်၊၊ အစည်းအဝေး တကြိမ်ပျက်ကွက်သွားသည့်စာရေးကိုမူ ထိုစာရေး၏ လစာထဲမှတပါတ်စာကို ဖြတ်တောက်ပစ်ပြီး ဥက္ကဌကယူလိုက်ပါသည်၊၊ သုံးကြိမ်ပျက်ကွက်လျှင် (၃)ပါတ်စာဖြတ်တောက်ပစ်ပါသည်၊၊ အခြေခံဝန်ထမ်း၏လစာမှာ ကျပ်(၃)သောင်းခန့်သာဖြစ်ပါသည်၊၊

- အစိုးရမှ ဝန်းထမ်းများအတွက် ဝန်းထမ်းသက်သာစရိတ်အဖြစ် (၆)လကို ကျပ်ခြောက်သောင်း ထောက်ပံ့ပေးပါသည်၊၊ ဥက္ကဌသည်၊ ဤဝန်ထမ်းသက်သာ စရိတ်ထဲမှလည်း တဦးစီကို ကျပ်သုံးသောင်းခွဲဖြတ်ယူပြီး၊ ကျန်နှစ်သောင်း ခွဲကိုသာ ဝန်ထမ်းများကိုပေးပါသည်၊၊ သို့သော်လစာထုတ် လက်မှတ်ထိုးသည့်အခါ ကျပ်(၆) သောင်းအပြည့်ကို လက်မှတ်ထိုး ခိုင်းပါသည်၊၊ ထို့အပြင် လကုန်သည့်အခါ လစာငွေထဲမှ မိခင်နှင့်ခလေး၊ အမျိုးသမီးရေးရာ အသင်းဝင်ကြေးဆိုပြီး၊ တလကျပ်(၂ဝဝဝ)၊ သန့်ရှင်းရေးအတွက် ကျပ်(၃ဝဝ)၊ ဌာနတွင်းစိုက်ပျိုးစရိတ်အတွက် ကျပ်(၁ဝဝဝ)၊ မဂ္ဂဇင်းနှင့် ဂျာနယ်ကြေးအတွက် (၁၈ဝဝ) ကျပ် အားလုံးပေါင်း လိုက်လျှင် ၊ (၅၁ဝဝ)ကျပ်ကို လစဉ် ထပ်မံဖြတ်တောက်ခဲ့ပါသည်၊၊

- လစာဖြတ်တောက်မှုအပြင် ရုံးလုပ်ငန်းနှင့် မပါတ်သက်သည့် တခြားပြင်ပလုပ်ငန်းဖြစ်သည့် သန့် ရှင်းရေး၊ နှင့် စိုက်ပျိုးရေး လုပ်ငန်းကိစ္စ၌လည်း ခရမ်းမြို့သစ်တွင်ရှိသည့် ရုံးခြံမြေအတွင်းမှာခြံမြေကို ခြံစည်းရိုးကာခိုင်းပြီး ဥက္ကဌ ပိုင်အဖြစ်သိမ်းယူခဲ့ပါသည်၊၊ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများကို အတင်းအဓမ္မ ဖိအားပေးပြီး အလုပ်စေခိုင်း ခဲ့ပါသည်။ ထွက်ရှိလာသည့် သီးနှံများကိုမူ ဥက္ကဌကသိမ်းယူခဲ့ပြန်ပါသည်၊၊ ဝန်ထမ်းများကလည်း ဤဖြစ်ရပ်အတွက် အထက်အရာရှိများကို အကြိမ်ကြိမ်တင်ပြပါ သော်လည်း အပစ်ပေးအရေးယူခြင်းမရှိသည့်အတွက် ယခုလိုနှုတ်ထွက် နေကြခြင်း ဖြစ်ပါသည်၊၊

- ဤသို့ကြောင့် နှစ်နှစ်ခန့်အတွင်းမှာ ဝန်ထမ်း(၆ဝ)ဦးမှ (၂၂)ဦး နှုတ်ထွက်သွား ခဲ့ခြင်းဖြစ် ပါသည်၊၊ ဤနေရာတွင် မေးစရာဖြစ်လာသည်မှာ နှုတ်ထွက်သွားသည့်ဝန်ထမ်းနေရာတွင် အစားထိုးခန့်ထားမှုရှိ မရှိနှင့် အုပ်ချုပ်ရေး ညံ့ဖျင်း သည့်မြို့နယ်ဥက္ကဌကြောင့် ဝန်ထမ်းများ ဘယ်လိုရပ်တည်ကြမလဲဆိုသည့် မေးခွန်းဖြစ်ပါသည်၊၊

-မှန်ပါသည်၊ ဤနေရာတွင် နိုင်ငံတော်တခု ယိုယွင်းပျက်စီးတော့မည်ဆိုလျှင်၊၊ မြင့်တွေ့ရမည့် လက္ခဏာများမှာ နိုင်ငံ တော်ဝန်ထမ်းများ အကျင့်ပျက်လာခြင်း၊ တရားဥပဒေမဲ့လာခြင်း၊ အနိုင်အထက်ပြုမူ လာခြင်းပင်ဖြစ်သည်၊၊ ယခုလည်း ဤဖြစ်ရပ်မျိုးများ ခရမ်းမြို့နယ်တခုထဲ၌ ဖြစ်နေသည်မဟုတ်ပေ၊၊ ဗမာတနိုင်ငံလုံး၌တွေ့ရှိရမည်ဖြစ်ပါသည်၊၊ ဤသည် လည်း နိုင်ငံတော်ဖြစ်သူ(အဖိုး)၏လုပ်ရပ်ကို အောက်ခြေအကျဆုံးမြို့နယ်ဖြစ်သူ(မြေး)က အမွေ လက်ခံလိုက်ခြင်း ဖြစ်ပါသည်၊၊ လက်ရှိ နိုင်ငံတော်၌ လည်း နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အဖိုးဖြစ်သူတွေက စီးပွားရေး စီမံခန့်ခွဲမှုအရာ မှာ ညံ့ဖျင်းခဲ့ သည့်အတွက်ကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ မှုခင်းပေါများခြင်း၊ ပြည့်တန်ဆာလုပ်ငန်း ပေါများခြင်း၊ ဒုစရိုက်ပေါများခြင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်၊၊

- ဤအခြေအနေမျိုးအောက်တွင် ဝန်ထမ်းများသည်လည်း၊ မိမိရပ်တည်ရေးအတွက် လစာမလောက်မငှဖြစ်လာလျှင် ပြည်သူတွေအပေါ် အကြောင်းအမျိုးမျိုးရှာပြီး လာတ်စားလာခဲ့ရပါတော့သည်၊၊ ဤကိစ္စကိုပြည်သူတွေက အထက်ကို တင်ပြပါသော်လည်း နိုင်ငံတော်အပါဝင် ဝန်းထမ်းလောက၏ အဆင့်အားလုံးမှာ အခြေအနေက အတူတူချင်းပေမို့ ထူးခြားမှုမရှိခဲ့ပေ၊၊ ထို့ကြောင့် ဝန်ထမ်းတယောက်ထွက်သွားပြီးဆိုလျှင် ဤနေရာ ကိုဝင်လုမည့်သူက ဒုနဲ့ဒေး ဖြစ်ပါသည်၊၊ အကြောင်းရင်းမှာ အဖိုးစရိုက်ကြောင့် မြေးများ အမွေရသွားခဲ့တာလား၊ မြေးစရိုက်ကြောင့် အဖိုးစံစား နေရတာလား ဆုံးဖြတ်စေချင်ပါသည်၊၊


No comments: