Tuesday, May 26, 2009

ဒေါ်အောင်ဆန်းစုကြည်ကို နောက် (၆) လ အကျယ်ချုပ် သက်တမ်းတိုးနိုင်ဟု ရဲအရာရှိပြော

NEJ / ၂၆ မေ ၂၀၀၉

နအဖ စစ်အစိုးရက သတင်း ဌာနများ နှင့် နိုင်ငံ တကာ သံတမန် များကို ယနေ့ နံနက် (၈:၃၀) နာရီ၌ အင်းစိန် ထောင်သို့ ခေါ်ယူကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ပြည်ပသတင်းဌာနများမှ သတင်းစာဆရာ (၁၅) ဦး၊ ပြည်တွင်းစာနယ်ဇင်းဆရာ (၁၀) ဦးနှင့် သံတမန် (၂၉) ဦးတို့ တက်ရောက်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်း ထားသည့် ဥပဒေများကို ရှင်းလင်းပြောဆိုသွားကာ ဒေါ်အောင်ဆန်းစုကြည်ကို မေ (၂၇) သက်တမ်းကုန်ပါကလည်း နောက် (၆) လ ဆက်လက်ထိန်းသိမ်းသွားနိုင်သေးသည်ဟု ပြောကြားခဲ့သည်။

သို့သော် နောက် (၆) လ ထပ်ချုပ်သင့် မချုပ်သင့် စဉ်းစားနေစဉ်တွင် မစ္စတာယက်တောအမှု ဖြစ်ပေါ်လာသောကြောင့် ၀မ်းနည်းစွာဖြင့် အမှုဖွင့်ခဲ့ရသည်ဟုလည်း ပြောကြားသွားကြောင်း သိရသည်။

No comments: