Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည်၏ မနက်ဖြန် တရားခွင် သတင်းထောက်များ ခွင့်ပြုဖွယ်ရှိ

တနင်္လာနေ့၊ မေလ 25 2009 16:30 - မြန်မာစံတော်ချိန်

မနက်ဖြန် ပြုလုပ်မည့် ဒေါ်အောင်ဆန်း စုကြည် ၏အမှု ကြားနာခြင်း သို့ ကန့်သတ် ထားသော အရေ အတွက်ဖြင့် ပြည်တွင်း ဂျာနယ် သတင်း ထောက်များ နှင့် ပြည်ပ သတင်း ဌာန များ၏ ဌာန သတင်း ထောက်များကို တက်ရောက် နားထောင်ခွင့် ရမည်ဟု သိရသည်။


အများပြည်သူရှေ့မှောက် လွတ်လပ်သော တရားစီရင်မှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေး ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံတကာက တောင်းဆိုထားသော်လည်း တံခါးပိတ် ခုံရုံးကို ဒုတိယအကြိမ် ပြည်တွင်းပြည်ပ သတင်းထောက်အချို့ကို ခွင့်ပြုမှာ ဖြစ်သည်။

သို့သော်လည်း ပြည်တွင်းဂျာနယ် သတင်းဌာနများမှာ တရားဝင် ဖိတ်ကြားလွှာ မရောက်သေးမှုကြောင့် စိတ်မချနိုင်သေးဘဲ “ကြားနေရတာပဲ” ဖြင့်သာ မျှော်လင့်နေကြရသည်။

မဇ္ဈိမက စုံစမ်း သိရှိရသည်မှာ သတင်းထောက် အယောက် ၂၁ ထိ ခွင့်ပြုမှာဖြစ်သည်ဟု ဆိုသည်။

No comments: