သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်လိုက်ချိန်မှ စ၍ ရွေးကောက်ပွဲအပေါ် ရူ့ထောင့်ပေါင်းစုံမှ သုံးသပ် ပြောဆိုသံများ ပွက် လော ရိုက်သွား သည်။
စစ်အစိုးရအား ပြောင်းလဲရန် နည်းလမ်းမှာ ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိဟု ဆိုသူများက တစ်ဘက် မြန်မာ့နိုင်ငံရေး ပြဿနာ၏ အဖြေသည် ရွေးကောက်ပွဲ မဟုတ်ဟု ရပ်တည်သူများက တစ်ဘက် ဒီမိုကရေစီ အင်အားစုများအတွင်း အယူ အဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။
ထို့ကြောင့် သာမန်ရွေးကောက်ပွဲဟု ဆိုခြင်းထက် အဆိပ်အိုးခပ်သောက်ရသည်နှင့် သဏ္ဍန်တူနေသည်။ လက်တွေ့တွင် လည်း လူထုအတွက် အနစ်နာခံလုပ်ခဲ့ကြသည့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကြောင့် ကွဲပြဲသွားသည်။
မိုးထဲရေထဲရှိစဉ် နအဖ၏ ဖိနှိပ်မှုပေါင်းစုံကို အတူခါးစည်းခံကြသည့် ရဲဘော်ရဲဘက် အချင်းချင်းအကြား နောက်ကျော ဓါး ထောက်သည့် သစ္စာဖေါက်များ အဖြစ် ပြောင်းလဲသွားသည်။ တစ်အူတုံဆင်း တိုင်းရင်းသားများအကြား မဟာမိတ်များ ကြား စိတ်ဝမ်းကွဲပြီး ဖရိုဖရဲ ဖြစ်ခဲ့ရသည် ။
ယခုအကွဲအပြဲဇတ်လမ်းသည် ရွေးကောက်ပွဲ၏ ပကတိသရုပ်မှန်အား ထင်ဟပ်စေသည့် ဖြစ်ရပ်များထဲမှ တစ်စိတ်တစ်ဒေ သမျှသာရှိသေးပြီး ထိုထက်ပို၍ ရူပ်ထွေးမှုများစွာ ရှိနေသေးသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် ကျင်းပသည့် ရွေးကောက်ပွဲများနှင့်နိုင်းယှဉ်ပါက မြန်မာ့ရွေးကောက်ပွဲသည် အများဆန္ဒအရ ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ အရာရာကို စိတ်ကြိုက် လက်ဝါးကြီးအုပ်နေသော အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး များ၏ အစီအမံအရ ပေါ်ပေါက်လာသောကြောင့် ယခုကဲ့သို့ မလိုလားအပ်သော အခြေအနေဆိုးများ ကြုံတွေ့ရခြင်း ဖြစ် သည်။
မြန်မာနိုင်ငံတွင် နအဖစစ်ဗိုလ်ချုပ်များ အာဏာသိမ်းယူခဲ့သည့် နှစ် ၂၀ ကျော်ကာလအတွင်း ၁၉၉၀ က ပထမအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံခဲ့ သည်။ သို့သော် စစ်ဗိုလ်ချုပ် ကြီးများက လုပ်ပိုင်ခွင့်များ လွဲပြောင်းပေးခြင်း မရှိသည့် အပြင် အနိုင်ရပါတီဝင်များအပေါ် စွဲချက်အမျိုးမျိုးတပ်ကာ ဖိနှိပ်မှု ညှင်းပမ်းမှု ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်ထားဆဲ ဖြစ်သည်။
ထို့ထက်ဆိုးဝါးသော လုပ်ရပ်မှာ ၂၀၀၃ မေလ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်သို့ စည်းရုံးရေးခရီး ထွက်သည့် ဒေါ်အောင်ဆန်း စုကြည် လိုက်ပါသော အဖွဲ့ချုပ် ယာဉ်တန်းကို ယခုကြံ့ခိုင်ရေးပါတီ တစ်ဖြစ်လဲ ကြံ့ခိုင်ရေး အသင်း၏ စွမ်းအား ရှင်လူမိုက်လူရမ်းကား တသိုက်က ထိုက်ခိုက် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုပ်ကြံမှု၌ အဖွဲ့ချုပ်ပါတီဝင်နှင့် ထောက်ခံသူ ရာနှင့်ချီ အသက်စတေးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။
ဆိုလိုရင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီဘက်တော်သားများအတွက် အပေါင်း လက္ခဏာဖြစ်ပြီး စစ်ဗိုလ် ချုပ်ကြီးများ အတွက် အနူတ်လက္ခဏာဖြစ်သောကြောင့် ၄င်းတို့ကိုယ်တိုင်လက်ဖြင့်ရေးခဲ့သည်ကို ခြေဖြင့်ပြန်ဖျက်နေခြင်း ဖြစ် သည်။
ထိုသို့ဆိုလျှင် ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့် ၁၉၉၀ ရွေးကောက်ပွဲအကြား ခြားနားချက် တူညီချက်များအပေါ် ထိတွေ့ စမ်းသပ်ရန် မခက်ခဲတော့ပေ။
စစ်ဗိုလ်ချုပ်ကြီးများက ၁၉၉၀ရွေးကောက်ပွဲတွင်အရူံးနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် သင်ခန်းစာ တစ်ပွေ့တစ်ပိုက်ဖြင့် နှစ်ပေါင်း ၂၀ ကြာအချိန်ယူ ပြင်ဆင်ပြီးမှ ယခု တစ်ကြိမ် ရွေးကောက်ပွဲအား ကျင်းပခြင်း ဖြစ်သည်။
တနည်းဆိုရလျှင် ယခုရွေးကောက်ပွဲသည် သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်သဖွယ် တစ်ဦးတည်း ချယ်လှယ်ခွင့်ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ နိုင်ငံရေးစစ်တုရင်ခုံပေါ်က ကစားကွက်တစ်ခုဟု ဆိုလျှင်မှားမည် မထင်ပေ။ ထို့အပြင် ဗိုလ်ချုပ် မှူးကြီး၏ မဟာစီမံကိန်းများ အထဲမှ အဓိကအစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
ယင်းအဆိုကို သိသာစေသည့် အချက်မှာ ဗိုလ်ချုပ်မှူးကြီး၏ မြို့တော်သစ် နေပြည်တော်တည်ဆောက်ရေး စီမံကိန်း ဖြစ်သည်။ သာမန်မြို့ပြဆိုသည်ထက် စစ်ရေး/ နိုင်ငံရေး ရေရှည်အမြင်ဖြင့် အထူးစီမံတည်ဆောက်ထားသောမြို့တော် ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။
တိုင်းပြည်အာဏာ မဏ္ဏိုင်အရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီး၏ ယုံကြည်စိတ်ချရသူများ၊ ကျောထောက်နောက်ခံပြုသူများမှ နောင်နှစ်ပေါင်း ၅၀ မှ ၁၀၀ အထိ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။
လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များ၊ ၄င်းတို့မိသားစုများ၏ ကိုယ်ကျိုးစီးပွားလုံခြုံရေး၊ တရားဝင် အာဏာရှိမှုတို့ သည် ယခုရွေးကောက်ပွဲရလဒ်နှင့် ဆက်စပ်နေသည့်တိုင် ရွေးကောက်ပွဲ အနိုင်/အရူံးပေါ် မူတည်၍ ၄င်းတို့၏အာဏာစက် အား ကြီးကြီးမားမား ထိခိုက်မှု မရှိစေရန် စီမံထားပြန်သည် ။
ဗိုလ်သန်းရွှေက ကြံ့ဖွံ့ပါတီအနိုင်ရမည်ဟု အာမခံချက်မပေးသော်လည်း အနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံသုံးရန် ခွင့်ပြုထားသည်။ ထို့ကြောင့် ကြံ့ဖွံ့ပါတီသည် အခြားနိုင်ငံရေးပါတီများထက် အစစအရာရာအလျာစီး သာလွန်နေပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့်ရလဒ်ကိုပင် ကြိုတင်တွက်ဆနိုင်သည့် အနေအထားရောက်နေသည်။
အကယ်၍ ကြံ့ဖွံ့ပါတီရူံးခဲ့သည့်တိုင် ဗိုလ်ချုပ်မှူးကြီးအတွက် ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ပဲ ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံ ဟုသာ သဘောထားမည် ဖြစ်သည်။
မကြာသေးမီက ပြုလုပ်ခဲ့သော နအဖတပ်အတွင်းရာထူးအပြောင်းအလဲ ဆိုသည်မှာ ဗိုလ်သန်းရွှေက အာဏာအမွေခွဲပေး ခြင်းဖြစ်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် စစ်ဗိုလ်ချုပ်များကိုသာ တိုက်ရိုက် အကျိုးသက်ရောက်မည် ဖြစ်သည်။
ထို့အတူ ရွေးကောက်ပွဲမှတစ်ပါး အခြားလမ်းရွေးစရာမရှိဆိုသည့် နိုင်ငံရေးပါတီများဘက်မှလည်း နိုင်သည်ဖြစ်စေ ရှုံးသည် ဖြစ်စေ ဗိုလ်သန်းရွှေ အစီအမံအောက်မှ ကျုံ့ကျုံ့ကလေး နေရုံမှလွဲ၍ ကြီးမားသည့်ပြောင်းလဲမှုမျိုးမျှော်မှန်း၍ မရနိုင်ချေ။
ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် စစ်ဗိုလ်ချုပ်များ၊ ရွေးကောက်ပွဲဝင်မည့် အဆို့စစ်အုပ်စုကိုယ် စားပြု နိုင်ငံရေးပါတီများသည် ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ နိုင်ငံရေးစစ်တုရင်ကစားကွက်အတွင်းမှ နယ်ရုပ်များ ဖြစ်နေ သောကြောင့်ပင်။
ယခုရွေးကောက်ပွဲသည် အထက်ပါအခြေအနေအောက်တွင် ကျင်းပပေးခြင်း ဖြစ်သဖြင့် ဗိုလ်သန်းရွှေအဖို့ စင်မြင့်ပေါ် ဆက်ရှိနေအုံးမည်ဖြစ်သည်။
No comments:
Post a Comment