Friday, October 22, 2010

နအဖစစ်သားဘုရားပုံတော်ရောင်းပြီးကြက်ဈေးနှိမ်ဝယ်

မွေခေါဝ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သီပေါအခြေစိုက် ခလရ ၂၃ မှ စစ်သားများ ပန်ဆန့်ကျေးရွာ၌ ဘုရားပုံတော်အတင်း ရောင်းပြီး ကြက်ဈေးနှိမ်ဝယ်ယူကြောင်း စုံစမ်းသိရှိရပါသည်။

ဘုရားပုံတစ်ပုံ ကျပ်တစ်ထောင်နဲ့လာရောင်းပြီး ရလာတဲ့ပိုက်ဆံနဲ့ ကြက်အရှင်ကိုအဓမ္မဈေးနှိမ်ဝယ်တယ်။ ရွာသားတွေ တစ်ပိဿာ သုံးထောင်ရောင်းတာ နှစ်ထောင်နဲ့ဈေးဆစ်ပြီးဝယ်တယ်” ဟု သီပေါရောက် ပန်ဆန့်ရွာသားတစ်ဦးက ပြောပါသည်။

အောက်တိုဘာ ၁၈ ရက် သီပေါအခြေစိုက် ခလရ ၂၃ မှ တပ်သား ၅ ဦးက ပစ္စတိုတစ်လက်ဖြင့် ပန်ဆန့်ရွာသို့ရောက်လာပြီး ဘုရားပုံတော်ရောင်းခြင်းဖြစ်သည်ဟုဆို၏။

“တစ်ပုံတစ်ထောင်လေ။ ကျနော်တို့ရွာအတွက် ပုံ ၆၀ ဆိုတော့ ရွာသားတွေကမတတ်နိုင်ဘူး။ တောင်းတောင်းပန်ပန်နဲ့ ၁၅ ပုံဝယ်လိုက်ရတယ်။ တချို့ရွာသားတွေ ပိုက်ဆံမရှိလို့ တခြားသူဆီပိုက်ဆံ ချီးပြီးဝယ်ရတယ်” ဟု ၎င်းကဆက်ပြောပါသည်။

ပန်ဆန့်ရွာသည် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအုပ်စု၌ပါဝင်ပြီး စိန်ကျော့-ဆောင်ကြဲကားလမ်း တောင်ဘက်၌ တည်ရှိသည်။

No comments: