Monday, January 9, 2012

ရခိုင်အမျိုးသား ၃ ဦးကို မြန်မာအစိုးရတပ်မှ ပစ်ခတ်

KNG


ကချင်ပြည်နယ်အနောက်မြောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ ရခိုင်အလုပ်သမား ၃ ဦးအား မြန်မာအစိုးရတပ်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည်ဟု ကချင်သတင်းဌာနက စုံးစမ်းသိရသည်။

ဇန်န၀ါရီလ ၃ ရက်ညနေ ၆ နာရီခန့်တွင် ၀ရာဇွပ်ကျေးရွာမှ ဂျာဝမ် (Ja Wang) ရွှေမှော်သို့ ထွက်ခွာလာကြသည့် ရခိုင်အမျိုးသား ၃ ဦး အား ရှထူးဇွပ်အခြေစိုက် ခလရ ၂၉၇ မှမြန်မာအစိုးရစစ်သားများက ယုဇကုမ္ပဏီ စိုက်ခင်း အနီးငယ်အကျော်တွင် ပစ်ခတ် လိုက်ခြင်း ဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများ ပြောသည်။

မြန်မာအစိုးရတပ်က ၎င်းတို့အား KIA တပ်သားများနှင့် မှားယွင်းကာပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဆက်ဆိုသည်။ သေနတ် ဒဏ်ရာ ရထား သည့် ရခိုင်အမျိုးသားများအား အနီးရှိ အစိုးရဆေးရုံသို့ ပို့ဆောင်ထားသည် ဟု သိရသည်။

ကျားဘေးမဲ့ ဟူးကောင်းချိုင့်ဝှမ်းတွင် စစ်သလင်းဖြစ်လာဟူးကောင်းချိုင့်ဝှမ်းဒေသသည် ကျား၊ ကျားသစ်၊ ဆင်၊ ဟိမ၀န္တာဝက်ဝံ စသည့် ရှားပါး တိရစ္ဆာန်များ ခိုအောင်းနေထိုင်ရာ ဒေသဖြစ်သည်။

၁၇ ကြာအပစ်ခတ်ရပ်ဆိုင်းထားမှု ပျက်ကာ ပြီးခဲ့သည့် ဇွန်လ တိုက်ပွဲစတင်လာချိန် ၎င်းချိုင့်ဝှမ်းဒေသမှ တိုက်ပွဲသတင်းများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

၂၀၀၁ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် WCS (Wildlife Conservation Society) တို့ဟူးကောင်းချိုင့်ဝှမ်းဒေသကို ကျား ထိန်းသိမ်းရေး နယ်မြေအဖြစ် နှစ်ဦးသဘောတူ သတ်မှတ်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် ၂၁၈၉၀ စတုရန်း ကီလိုမီတာအထိ နယ်မြေသတ်မှတ်လိုက်ရာ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး ဘေးမဲ့သစ်တော ဒေသဖြစ်လာသည်။

သို့သော် ၂၀၀၄ ခုနှစ်ကတည်းက သီးနှံတစ်မျိုးတည်းစိုက်ပျိုးနေခြင်းနှင့် ရွှေကျယ်ကျယ်ပြန့် ပြန့်တူးဖော်နေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေခြင်းအပေါ် မြန်မာအစိုးရအား ဝေဖန်နေကြသည်။

ယခင် WCS ညွှန်ကြားရေးမှူး Dr. Alan Rabinowitz ကလည်း ဟူးကောင်းချိုင့်ဝှမ်းနှင့်ပက်သက်၍ မှန်ကန်သော အစီရင်ခံစာများ ထုတ်ပြန် ရန် ပျက်ကွက်ခဲ့သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG က ထောက်ပြထားသည်။

ယခင်နှစ် စက်တင်ဘာလတွင် မြန်မာအစိုးရ၏ သစ်တောဝန်ကြီးဌာနနှင့် WCS တို့သည် ဟူးကောင်းချိုင့်ဝှမ်းစီမံကိန်းကို နောက်ထပ် ၄ နှစ် သက်တမ်းထပ်မံ တိုးမြှင့်လိုက်စဉ် ၎င်းအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျရန်ရှိသည်ဟု တရုတ်အစိုးရသတင်းစာ ရှင်ဟွာ က ဖော်ပြထားသည်။

No comments: