Monday, January 9, 2012

အမ်းဂိတ်တွင် ချယ်လှယ်နေသူ ထောက်လှမ်းရေးပြုတ်ကို ဖယ်ရှားရန် တောင်းဆို

ရခိုင်ပြည်နယ် အ၀င်အထွက်ဂိတ် တစ်ခု ဖြစ်သော အမ်းဂိတ်တွင် ချယ်လှယ်နေသော ထောက်လှမ်းရေး ပြုတ် " ဇော်ထွေး" ဆိုသူအား အဆိုပါ ဂိတ်မှ ဖယ်ရှားပေးရန် ကားသမား တစ်စုက စာရေးပြီး အင်တာနက်မှ တဆင့် နိရဉ္စရာသို့ ပို့ပေးလာပါသည်။

အဆိုပါ စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

(အမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ ထောက်လှမ်းရေးပြုတ် ဇော်ထွေးဆိုသူအား ဖယ်ရှားရှင်းလင်းပေးပါရန် ကိစ္စ။)

အမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် “ထောက်လှန်းရေးပြုတ်” “ဇော်ထွေး” ဆိုသူမှ

၁။ ကားများအား တာဝန်မရှိဘဲ တက်ရောက် စစ်ဆေးခြင်း။

၂။ ကားပေါ်တွင်ပါလာသော ပစ္စည်းများကို အဓမ္မ ယူဆောင်ခြင်း။

၃။ မပေးပါကာ အချိန်ကြာမြင့်အောင် အချိန်ဆွဲစစ်ဆေးခြင်း။

၎။ နားနေဆောင်အတွင်း ဈေးဆိုင် ဆောက်လုပ် ရောင်းချခြင်း။

၅။ ခရီးသည် နားနေဆောင်၌ မိုးလင်းပေါက် ဖဲဝိုင်းထောင်၍ ဖဲအကောက်ကောက်ခြင်း။

၆။ မကောင်းသည့် မိန်းမများအား ခေါ်ယူပေးကာ ဂိတ်ရှိ ၀န်ထမ်းများ အကျင့်စာရိတ္တ ပျက်ပြားအောင် ဖျက်ဆီးခြင်း။

၇။ ကာစတန် အယောင်ဆောင်ကာ ကာစတန် အခန်းထဲ၌ နေ၍ ကားသမားများထံမှ ငွေကြေး တောင်းခံခြင်း။

၈။ အိမ်သာများဆောက်လုပ်ထားပြီး အခကြေးငွေဖြင့် အိမ်သာအသုံးပြုသည့် ခရီးသွား လုပ်သားပြည်သူ များအား မချေမငံ ရိုင်းပျစွာ ပြောဆိုဆက်ဆံခြင်း။

စသည့် မင်းမဲ့စရိုက် အပြုအမူများကို ပြုမူနေပါသဖြင့် ရခိုင်ပြည်နယ်၏ အဓိကထွက်ပေါက်တခုဖြစ်သော ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် “ထောက်လှမ်းရေးပြုတ်” တဦးမှ ခြယ်လှယ်နေခြင်းကို လျစ်လျှူမထားဘဲ ဖယ်ရှားရှင်းလင်းပေးသင့် ပါကြောင်း သတင်းတစ်ရပ် အနဖြင့် အစီရင်ခံအပ်ပါသည်။

ကားသမားတစု။

No comments: