Thursday, January 12, 2012

ရွေး​ကောက်ပွဲမှာ မဲ​ပေး​ကြဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း

အေး​နိုင်

လာမယ့်​ ကြား​ဖြတ်​ ရွေး​ကောက် ပွဲမှာ မဲ​ပေး​ပိုင်ခွင့်​ ရရှိတဲ့​ အ​ပေါ် အပြည့်​ အဝ အသုံး​ ချပြီး​ ကိုယ်လိုချင်တဲ့​ ကိုယ်စား ​လှယ်ကို ​ရွေး​ချယ်မဲ​ပေး​ကြ ပါလို့​ အမျိုး​သား ​ဒီမို က​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​ စုကြည်က ပြည်သူ​ တွေကို တိုက်တွန်း​ လိုက်ပါ တယ်။

“​ရွေး​ကောက် ပွဲမှာ မဲထည့်​နိုင် တဲ့​သူ​ တွေက မိမိ တို့​ရဲ့​ လုပ်ပိုင် ခွင့်​ကို သုံး​စေ ချင်ပါတယ်။ ဘာဖြစ် လို့​လဲ ဆို​တော့​ ကိုယ့်​လုပ် ပိုင်ခွင့်​ကို ကိုယ်သုံး​မှ လုပ်ပိုင် ခွင့်​ကို ထိန်း​သိမ်း ​ထား​နိုင် မှာပါ။ ဒါ​ကြောင့်​ ကျမတို့​ ပြည်သူ​တွေက မဲပြား ​တွေနဲ့​ ကိုယ်လို ချင်တဲ့​ အစိုး​ရ တခု ဖြစ်​အောင်လို့​ လုပ်ရ ပါလိမ့်​မယ်။ မဲပြား​ တွေနဲ့​ ကိုယ်မလို ချင်တဲ့​ ကိစ္စကို ​ပြောင်း​လဲဖို့​ ကြိုး​စား​ ရပါ လိမ့်​မယ်။ မဲ​ပေး​ လိုက်တယ် ဆိုတာဟာ ကိုယ့်​ရဲ့​ ကိုယ်စား​ လှယ်ကို ကိုယ်လုပ် ချင်တဲ့​ ကိစ္စ​ တွေကို လုပ်​ပေး​ ဆိုပြီး​ တာဝန် အပ်နှင်း​ ပေး​လိုက် တာပဲ ဖြစ်ပါတယ်။ ”

ဇန်နဝါရီလ ၁၁ ရက်​နေ့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရန်ကုန်တိုင်း​ ဗဟန်း​မြို့​နယ်က အဖွဲ့​ချူပ်ရုံး​ခန်း​ ဆိုင်း​ဘုတ်တင်ပွဲမှာ ​ဒေါ်​အောင် ဆန်း​စုကြည် ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က​နေ စတင်တည်​ထောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ တာဝန်ယူခဲ့​ပြီး​ ပြည်တွင်း​ပြည်ပ နိုင်ငံတကာနဲ့​ ​ဒေသဆိုင်ရာမှာပါ ဩဇာတက္ကိမကြီး​လှတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပါတီပြန်လည် မှတ်ပုံတင်ပြီး​တဲ့​အခါ ပြန်လည်စုဖွဲ့​မှုအရ ပါတီဥက္ကဋ္ဌတာဝန် ​ပေး​အပ်ခံခဲ့​ရပြီး​တဲ့​နောက် ပထမဆုံး​ လူထုကို ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။

ပြည်သူလူထုဟာ ဆင်း​ရဲမွဲ​တေမှုက​နေ လွတ်​မြောက်​အောင် ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သ​လောက် ပူး​ပေါင်း​ပါဝင်ကြရမှာ ဖြစ်တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က လူထုကို ​ပြောဆိုခဲ့​ပါတယ်။

“အရင်က ဆင်း​ရဲတာ​တော့​ ပြီး​ခဲ့​ပြီ။ အခုလည်း​ ဆင်း​ရဲတယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါ​တွေကို ​ပြောင်း​ဖို့​အတွက် ကျမတို့​ နိုင်ငံ​ရေး​လုပ်​နေတာ။ အနာဂတ်ကို ကိုယ်လိုချင်တဲ့​ပုံစံဖြစ်​အောင် ပုံသွင်း​ဖို့​အတွက် ကျမတို့​နိုင်ငံ​ရေး​ လုပ်​နေတာ ဖြစ်တယ်။ အဲလိုလုပ်​နေတဲ့​အခါမှာ ပြည်သူ​တွေပါဖို့​ လိုပါတယ်။ ပြည်သူ​တွေပါမှ ကိုယ်လိုချင်တဲ့​ ပုံစံကို ကိုယ်ပုံသွင်း​ပြီး​တော့​ ပုံသွင်း​တဲ့​နေရာမှာ ပါဝင်နိုင်မှာပါ။ ကိုယ်မပါဘဲနဲ့​ ကိုယ်လိုချင်တဲ့​ပုံစံ ဖြစ်ချင်တယ်ဆိုရင် ဒါ လက်​တွေ့​ မကျပါဘူး​။ ဒါ​ကြောင့်​ ကျမတို့​ပြည်သူ​တွေကို တတ်နိုင်သမျှ ပါဝင်ပြီး​တော့​ ကိုယ်လိုချင်တဲ့​ နိုင်ငံတခု ဖြစ်​အောင်လို့​ ကူညီ​ပေး​ကြပါလို့​ ကျမ ​မေတ္တာရပ်ခံချင်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အပြီး​ ဖြစ်ထွန်း​လာတဲ့​ ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့​ရာမှာ အစိုး​ရက အာဏာမ​ပေး​တဲ့​အပြင် အမျိုး​မျိုး​ဖိနှိပ်တဲ့​ ဒဏ်ကိုခံရတဲ့​ သမိုင်း​အ​တွေ့​အကြုံ ရှိပါတယ်။

အခုလာမယ့်​ ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမတ်​နေရာ ၄၈ ​နေရာမှာ ဝင်​ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး​ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင် ဆန်း ​စုကြည်က ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လာမယ့်​ သီတင်း​ပတ် အတွင်း​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်မယ့်​ ကိုယ်စား​လှယ်​လောင်း​စာရင်း​ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

လတ်တ​လော လွှတ်​တော် အသီး​သီး​မှာ​တော့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီ ကိုယ်စား​ပြုအမတ်​တွေက အများ​စုက လွှမ်း​မိုး​ထား​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲ ကာလတုန်း​က မဲမ​ပေး​ဘဲ​နေကြဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။

No comments: