Tuesday, January 21, 2014

မြန်မာသို့ ဦးတည်သည့် အကြမ်းဖက်သမား သုံးဦး ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိ

အောင်မင်း

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည့် ပါကစ္စတန်နိုင်ငံသား သုံးဦးအား အရေးပါသော သက်သေအထောက်အထားများ ပါဝင်သည့် လက်ပ်တော့ကွန်ပျူတာတစ်လုံးနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား လိုက်သည်ဟု အိနိ္ဒယနိုင်ငံအခြေစိုက် The Hindu သတင်းဌာန၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထား သည်။

ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံဖွား ပါကစ္စတန်နိုင်ငံသားများ ဖြစ်ကြသည့်Osman, Mehmud နှင့် Fakhru တို့ ဖြစ်ကြပြီး မြို့တော် ဒါကာတွင် ဇန်န၀ါရီ ၁၉ ရက်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့ မှာ ပါကစ္စတန် Tehrike-Taliban (TTP) အဖွဲ့ဝင်များ ဖြစ်ကြသည်ဟုလည်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်ဟု The Hindu က ရေးသားသည်။

သူတို့သုံးဦးကို Shilpakala အကယ်ဒမီ အဆောက်အအုံရှေ့မှာ မနေ့ညက ဖမ်းဆီးမိခဲ့တာပါ။ TTP အဖွဲ့ ၀င်တွေဖြစ်တယ်လို့လည်း သူတို့က ၀န်ခံခဲ့ပါတယ်”ဟု ဒါကာမြို့တော် ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူMonirul Islam က သတင်းထောက်များသို့ ပြောသည်။

အမြင်မတူသည့် အုပ်စုနှစ်ခုအကြား ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပြင်းထန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေသည်ကို ကနဦး စစ်ဆေးမှုများအရ သိရှိရသည်ဟုလည်းMonirul Islam က ဆိုသည်။

No comments: