Tuesday, January 21, 2014

မြန်မာအခြေစိုက် သြစီ စစ်သံမှူးသစ် ခန့်အပ်

ABC

မြန်မာနဲ့ ​​သြစတြေးလျနှစ်နိုင်ငံအကြား ​​ ​စစ်ရေးဆိုင်ရာ ​သံတမန် ​ဆက်ဆံရေးကို ​​တိုးမြင့်တဲ့အနေနဲ့ ​​သြစတြေးလျနိုင်ငံက ​​HMAS ​​Childers ​​ကင်းလှည့်စစ်သင်္ဘောဟာ ​​ရန်ကုန်ဆိပ်ကမ်းကို ​​မနေ့ကစပြီး ​​လေးရက်ကြာ ​ခရီးရောက်ရှိနေချိန်မှာပဲ ​သြစတြေးလျ ​တော်ဝင်ရေတပ်က ​ဗိုလ်မှူးကြီး ​Jon ​Dudley ​ကို ​မြန်မာနိုင်ငံအခြေစိုက် ​သြစတြေးလျ ​စစ်သံမှူး ​အသစ်အဖြစ် ​ခန့်အပ်လိုက်ပါတယ်။

ဒီရာထူးဟာ ​၁၉၇၉ ​ခုနှစ်ကတည်းက ​လစ်လပ်နေခဲ့တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲရေး ​လုပ်ငန်းစဉ်တွေကို ​အားပေးတဲ့အပြင် ​မြန်မာ့တပ်မတော်ကို ​စံချိန်မှီ ​တပ်မတော် ​ဖြစ်လာနိုင်ဖို့ ​ကူညီပေးချင်တဲ့အတွက် ​အခုလို ​စစ်ရေးဆိုင်ရာ ​သံတမန် ​ဆက်ဆံရေးကို ​အားပေး ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့ ​ကာကွယ်ရေးဝန်ကြီးအဖြစ် ​​ခေတ္တတာဝန်ထမ်းဆောင်နေတဲ့ ​​George ​​Brandis ​​က ​​ပြောပါတယ်။

သြစတြေးလျ ​စစ်သင်္ဘောပေါ်မှာ ​​သဘောင်္သား ​​၂၁ ​​ယောက် ​​လိုက်ပါလာပြီး ​​မြန်မာနိုင်ငံပြီးရင် ​​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကိုသွားပြီး ​​အိန္ဒိယနိုင်ငံမှာ ​​ပြုလုပ်မယ့် ​​ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ​​ပါဝင်မှာ ​​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက ​​စစ်သင်္ဘောဟာ ​​ဒုတတိယ ​ကမ္ဘာစစ်နောက်ပိုင်း ​​မြန်မာနိုင်ငံကို ​​ပထမဆုံး ​​လာရောက်တာလည်း ​ဖြစ်ပါတယ်။

No comments: