Tuesday, January 21, 2014

မီဇိုရမ်ရောက် မြန်မာယက္ကန်းသမားများ မူး ယစ်ဆေးဝါးသုံးစွဲမှုများပြားလာ

Khonumthung

မီဇိုရမ်ပြည်နယ်ရောက် မြန်မာယက္ကန်းသမားများအကြား မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာပြီး အထူးသဖြင့် မူးယစ် ဆေးဝါးသုံးစွဲသူ အမျိုးသမီးများ သိသိ သာသာများပြား လာတယ်လို့ Burmese Woman Union (BWU) အိုက်ဇောလ် တာဝန်ခံ Maneihi က ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လူကို မူးယစ်စေ တတ်သောချောင်း ဆိုးပျောက်ဆေး အရည်၊ ပြီးတော့ ဆေးပြား စသည့် မူးယစ်ဆေးဝါးများ သုံးစွဲမှု များပြားလာတယ်၊ ယင်းမူးယစ် ဆေး ၀ါးကြောင့် မလိုလားအပ်တဲ့ပြသာနာ များလည်း အကြိမ်ကြိမ်ကြုံတွေ့ဖြေရှင်းနေရကြောင်း မြန်မာနိုင်ငံသားတဦးထံမှ ၀ယ်ယူနေကြကြောင်း ယခုလို ဆက်ပြော ပါတယ်။

“ဟုတ်ပါတယ်။ အစကတော့ အမျိုးသားတွေကပဲ အသုံးပြုတယ်ထင်ခဲ့တာ၊ ခုတော့ အမျိုး သမီး တော်တော် များများကလည်း သုံးစွဲလာကြတယ်။ ယင်းမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မလိုလား အပ်တဲ့ နောက်ဆက်တွဲပြဿနာ အများကြီးပေါ်ပေါက်လာတယ် ကျမတို့အနေနဲ့လည်း အကြိမ်ကြိမ်လိုက်လံ ဖြေရှင်းပေးနေရတယ်”


ဆက်လက်ပြီး “အစကတော့ ကျန်းမာရေးကြောင့် မှီဝဲကြတယ်၊ ကြာလာတော့ ဆေးစွဲ ပြီး ငွေရေးကြေး ရေးမပြေ လည်မှုတွေ၊ အပျိုလူပျိုကြားမှာ မလိုလားအပ်တဲ့ပြဿနာတွေ၊ လင်နှင့်မယားကြားမှာမလိုလား အပ် တဲ့ပြ ဿနာတွေ များပြားလာတယ်။”

ယင်းကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် လူ့ အခွင့်အရေးများဆိုင်ရာအဖွဲ့ အိုက်ဇောလ်တာဝန်ခံက “မိခင်တဦးက ယင်းမူးယစ်ဆေးဝါးကို သုံးစွဲတယ်။ သူအလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံဟာ မူးယစ်ဆေးဝါးဝယ်တဲ့နေရာမှာ အသုံးပြုတဲ့အတွက် စားဝတ်နေရေး ခက်ခဲလာတယ်၊ ဒီတော့ကျန်းမာရေးထိခိုက်လာတယ်၊ နို့ရည် လည်း ကောင်းကောင်း မထွက်တော့ဘူး သူ့ကလေးလည်း နို့မ၀တော့ ကျန်းမာရေးချို့တဲ့လာတယ်လို့ ပြောပါတယ်” လို့ ဆက်ဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မြန်မာယက္ကန်သမားများအကြား မူးယစ်ဆေးဝါးတိုက်ဖျတ်ရေး၊ အိမ်တွင်း အကြမ်းဖက်မှု ပပျောက်ရေး ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်သွားဖို့ အစီအစဉ်များ ရှိ ကြောင်း အိုက်ဇောလ် အခြေစိုက် မြန်မာ့ လူမှုရေး အသင်း ပြောရေးဆိုခွင့်ရှိသူ တဦးက ပြော ပါတယ်။

No comments: