Wednesday, January 22, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(ဃ) နှင့် (စ) ပြင်ဆင်ပေးရန် တောင်ငူတွင် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

ဖိုးစိုးသူ

ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ပါ ပုဒ်မ ၅၉(ဃ) နှင့် ၅၉(စ)ကို ပြင်ဆင်ပေးရန် တောင်ငူမြို့၌ လူအင် အား ၅၀ခန့် ဖြင့် ဇန်ဝါရီ ၂၀ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း တောင်ငူမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က မဇ္ဈိမကို ပြောသည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ မည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ရှိတယ်လို့ မြင်ပါတယ်။ ဒေါ်စုသမ္မတဖြစ် ရေးအတွက် ပုဂ္ဂလိကဆန်ဆန် လုပ်ကြတာလည်း မဟုတ်ကြပါဘူး။ ဒီမိုကရေစီဆိုတော့ ပြည်သူတွေအ နေနဲ့ လွတ်လပ်တဲ့ ရွေးချယ်ခွင့်တွေ လုပ်ကြတာဖြစ်တယ်”ဟု ပြောသည်။

အဆိုပါဆန္ဒပြပွဲကို တောင်ငူမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေရန်အတွက် အားပေးအားမြှောက် ဆန္ဒဖော်ထုတ်ခြင်း မဟုတ်ဘဲ ပြင်ဆင်ရေးဆွဲသင့်သည့် ဥပဒေများကို ထောက်ပြရခြင်းသာဖြစ်ကြောင်း ဆန္ဒပြသူများက ဆို သည်။

လူအင်းအား ၅၀ ဖြင့် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ဘေးပတ်လည်တွင် ၀န်းရံပြီး လိုက်ပါဆောင် ရွက်သူများ ရှိသည့်အတွက် လူဦးရေ တစ်ရာဝန်းကျင်အထိရှိသည်ဟု ဆန္ဒထုက်ဖော်သူများက တယ်လီ ဖုန်းဖြင့် ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တောင်ငူမြို့နယ် အမှတ်(၁၂) ရပ်ကွက်၊ (၅) လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းရှေ့ ကန်လမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းတို့ကို ဖြတ်သန်းကာ မူလစုရပ်ဖြစ်သော အမျိုးသားဒီမိုက ရေစီရုံးရှေ့တွင် ပြန်ဆုံပြီး နံနက် ၉ နာရီမှ စတင်ဆန္ဒပြ ဖော်ထုတ်ခဲ့ရာ ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ တောင်ငူမြို့ခံ ဦးဘိုတောက်က ရှင်းပြသည်။

“ပုဒ်မ ၅၉(စ) နဲ့ (ဃ) အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ခွင့်ပြုချက် တောင်းပြီး ဆန္ဒဖော်ထုတ်တာဖြစ်တဲ့အတွက် လုံခြုံရေးလည်း ချပေးပါတယ်။ ဒီဥပဒေတွေနဲ့ ပတ်သက် လို့ ပြည်သူတွေအနေနဲ့ ပြင်ဆင်သင့်တယ်ဆိုတာကို သိစေချင်တာကြောင့် ဆန္ဒပြရခြင်းဖြစ်တယ်”ဟု ဦး ဘိုတောက်က ပြောသည်။

အခြေခံဥပဒေပါပုဒ်မတွင် ၅၉(စ)သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင် ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကိုခံစား နိုင်ခွင့်ရှိသူများ မဖြစ်စေရဟူသော ကန့်သတ်ချက်များ ပါရှိသည်။

No comments: