Wednesday, January 22, 2014

ဒေါ်စုစီးနင်းမည့်လေယာဉ် တပ်မတော်လေယာဉ်ကွင်းသို့ ဆင်းခွင့် ရှိ၊ မရှိ အဖြေမရသေး

ဉဏ်လှိုင်လင်း

ရှမ်းပြည်တောင်ပိုင်း၌ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲပြုလုပ်ရန် ငါးရက်သာ လိုတော့ သော်လည်း နမ့်စန်မြို့နယ်ရှိ တပ်မတော်ပိုင် လေယာဉ်ကွင်းသို့ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာ မည့် လေယာဉ်ဆင်းသက်ခွင့်ရရေး မသေချာသေးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီဇင်ဘာ ၂၀ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါခရီးစဉ်ကို လွှတ်တော်ပိတ်ရက်ဖြစ်သည့် ဇန်န၀ါရီ၂၅၊၂၆ ရက်အတွင်းသွားရောက်ရန်နှင့် နောက် တစ်ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများကို အချိန်မီတက်ရောက်ရန် NLD က စီ စဉ်ထားခြင်းလည်း ဖြစ်သည်။ ယင်းကြောင့် KBZ လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကို စင်းလုံး ငှားရမ်းထားသည်။ NLD ဘက်ကမူ တပ်မတော်လေယာဉ်ကွင်းသို့ ဆင်းသက်ခွင့်ရရေး သက်ဆိုင်ရာ အားလုံးသို့ စာတင်ပြီးဖြစ်သည်ဟု ပြောသည်။

“ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုလည်း စာရေးပြီးပြီ၊ ကာကွယ်ရေးဝန်ကြီးဆီလည်း စာရေးပြီးပြီ၊ပို့ဆောင် ရေးဝန်ကြီးဆီလည်း စာရေးပြီးပြီ၊ ဘယ်သူကမှ အဖြေမပေးသေးဘူး”ဟု ၎င်းက ပြောသည်။ ထို့ပြင် လေ ကြောင်းကုမ္ပဏီအနေဖြင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်မှုသည်လည်း အကြောင်းမထူးသေးဟု NLD ဘက်က မဇ္ဈိမကို ပြောသည်။

ယင်းလေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်မရပါက ဟဲဟိုးလေဆိပ်မှတစ်ဆင့် နမ့်စန်သို့ မော်တော်ယာဉ် ဖြင့် သွားရမည်ဖြစ်သဖြင့် ခရီးစဉ်နှောင့်နှေးဖွယ်ရှိသည်ဟု NLD တို့က သုံးသပ်သည်။ နမ့်စန် NLD မှ ပါ တီဝင်တစ်ဦးစီစဉ်မှုဖြင့် လေယာဉ်ငှားရမ်းခြင်းဖြစ်ပြီး တစ်နာရီလျှင် ကျပ်သိန်း ၃၀မှ ၄၀ ၀န်းကျင်ကျသင့် မည်ဖြစ်သည်။

အဆိုပါရက်များအတွင်း နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့တို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထု တွေ့ဆုံပွဲများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တို့တွင် နမ့်စန်မြို့သို့ လာရောက်ခဲ့ဖူးသော်လည်း မိုးနဲ၊ လင်းခေးမြို့များကိုမူ ပထမဆုံးအကြိမ် လာ ရောက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်သည် တိုင်းရင်းသားပြည်နယ်များသို့ ယခုနှစ်အ တွင်း တတိယအကြိမ်မြောက် သွားရောက် ဟောပြောခြင်းလည်း ဖြစ်သည်။

ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်တွင် ချင်းပြည်နယ်၊ ဇန်န၀ါရီ ၁၈ ရက်၊ ၁၉ ရက်တို့တွင် ကရင်ပြည်နယ် မြို့ နယ်အချို့သို့ သွားရောက်၍ ဖွဲ့စည်းပုံဆိုင်ရာ ရှင်းလင်းပြောကြားခြင်းနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပခဲ့ သည်။

No comments: