NEJ / ၂၀ မေ ၂၀၀၉
ဒေါ်အောင်ဆန်း စုကြည်၏ အမှု အင်းစိန် ထောင် အထူး တရားရုံးတွင် ရုံးထုတ် စစ်ဆေးသည့် တတိယ နေ့ဖြစ်သော ယနေ့တွင် ပြည် တွင်း အခြေစိုက် နိုင်ငံခြား သတင်း ဌာနများမှ သတင်း ထောက်များအား သတင်း ယူခွင့်ပြု လိုက်ကြောင်း ပြည်တွင်း သတင်း ဂျာနယ် တခုမှ သတင်း ထောက်တဦးက ပြောသည်။
အဆိုပါ သတင်းယူခွင့်ရသည့် ပြည်တွင်း နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များမှာ ဦးအောင်လှထွန်း (ရိုက်တာ)၊ ဦးအောင်သူငြိမ်း (ဂျီဂျီသတင်းဌာန)၊ ဒေါ်လှလှဌေး (အေအက်ဖ်ပီ)၊ ဒေါ်ဆင့်ဆင့်အောင်( နီပွန်တီဗွီ) နှင့် ဒေါက်တာဇော်သန်း (ဆန်ကေးရှင်ဘွန်း) တို့ဖြစ်သည်။ ၎င်းတို့သည် အင်းစိန်ထောင်တွင်း သွားရောက် သတင်းယူရန် မဲနှိုက်ကြရသည်ဟု သိရသည်။
အဆိုပါသတင်းထောက်များသည် စာပေစိစစ်ရေးရုံးသို့ ယနေ့ နံနက် (၁၁) နာရီခွဲ အရောက်သွားရမည်ဖြစ်ပြီး ပြည်တွင်းဂျာနယ်အချို့မှ သတင်းထောက်များလည်း ပါဝင်မည်ဟု သိရသည်။ သို့သော် ပြည်တွင်းဂျာနယ် သတင်းထောက်များ မည်သူပါဝင်မည်ကို မသိရှိရသေးဘဲ စာပေစိစစ်ရေးက ရွေးချယ်နေကြောင်း သိရသည်။
No comments:
Post a Comment