မြန်မာ နယ်စပ် အနီးတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ လေ တပ်နှင့် ရေ တပ် စစ်ရေး လေ့ကျင့် မူများ ပြုလုပ် နေသည်ဟု သတင်း ရရှိသည်။ နယ်စပ်မှ ကျေးရွာသား တဦးက “စစ်တိုက် လေယဉ်တွေ စပျံတာက မနေ့ကတည်း ကပါ။ ဒီနေ့လည်း ပျံနေ တုန်းပါဘဲ။ မနက်က အ စောကြီးက ဂျက်တိုက်လေယဉ် နှစ်စင်း ပူးပြီး ပျံလာကာကို တွေ့ပါတယ်။ ခု ညနေ ၃ နာရီ အချိန်ထိ စစ်လေယဉ်တွေ ကျနော်တို့ ခေါင်း ပေါ်က ပျံနေတုန်းပါဘဲ” ဟု ပြောသည်။
ဂျက်တိုက် လေယဉ်များ မြန်မာ နယ်စပ် အနီးရှိ ကော့ဘဇားမြို့ပေါ်မှ ဖြတ်ပျံသန်း နေပုံကို ယခုကဲ့သို့ ရခိုင် အမျိုးသား တဦးက ပြော သည်။
“နေ့ပိုင်း ဆိုရင်တော့ ဂျက်တိုက် လေယဉ်တွေ ပျံသန်း နေတာကို တွေ့ရပါတယ်။ အသံတွေ ဆူညံ နေတော့ လူတိုင်းက သတိပြု မိကြ ပါတယ်။ ညနေ ကျတော့ ကင်းထောက် လေယဉ် တွေက ပုံမှန် ပျံသန်း နေတာကို တွေ့နေ ရပါတယ်။”
အမည်အဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ အပြောအရ ဘင်္ဂလာဒေခ်ျ့မှ စစ်ရေးလေ့ကျင့်နေမူကို အတည်ပြု ပြောကြားလိုက်ပြီး ရေတပ် စစ်ရေးလေ့ကျင့်မူကို မေလ ၈ ရက်နေ့ကတည်းက စတင်ခဲ့သည်ဟု ပြောသည်။
၎င်းအပြင် ဗြိတိသျှ ရေတပ်သင်္ဘောများလည်း စစ်ရေး လေ့ကျင့်ရာတွင် ပါဝင်သည်ဟု ပြောသည်။
သို့သော်လည်း အဆိုပါ စစ်ရေးလေ့ကျင့်မူနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ အပါအ၀င် ဘင်္ဂလာဒေခ်ျ့ သတင်းစာ များက ယနေ့အထိ တစုံတရာ ထုတ်ဖေါ် ပြောဆို ရေးသားခြင်း မရှိကြောင်း သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အကြား မြန်မာဘက်က ခြံစည်းရိုး ကာရံမူကြောင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ယခုကဲ့သို့ ဂျက်တိုက်လေယဉ် အသံများ နယ်စပ်တွင် ထွက်ပေါ်လာ သဖြင့် နယ်စပ်နေ လူထုမှာ စိုးရိမ် နေကြသည်ဟု သတင်း ရရှိသည်။
No comments:
Post a Comment