မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 14 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ အင်းစိန် အထူး တရားရုံး သို့ ခေါ်ထုတ် သွားပြီ ဖြစ်သည်။
လက်ရှိအချိန်ဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲရန် စစ်အစိုးရက ပြင်ဆင်နေခဲ့ပြီး အင်လျားကန်ကို ဖြတ်၍ သူ၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား John William Yettaw အမှုနှင့် ပတ်သက်နေနိုင်သည်ဟု ယူဆရသည်။
ဒေါ်အောင်ဆန်းစုကြည်အပြင် သူနှင့်အတူ နေထိုင်နေသူ အမျိုးသမီး နှစ်ဦးကိုပါ တရားစွဲဆိုမှာလည်း ဖြစ်သည်။
No comments:
Post a Comment