ကယန်း လူငယ် တေးသံရှင် ကာရန်၏ သမိုင်းကို လှုပ်နိုးခဲ့ MTV အခွေကို ယခုလ (၂၀) ရက် နေ့တွင် စတင်၍ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအတွက် အခမဲ့ ဖြန့်ချီ ပေးမည်ဖြစ်ပြီး မြန်မာ နိုင်ငံ အတွင်း ၌လည်း ဆက်လက်ဖြန့် ချီ သွားမည်ဖြစ်သည်။လက်ရှိမြန်မာ နိုင်ငံ အတွင်း စစ်အစိုးရက ပြည်သူ လူထု တရပ်လုံး အပေါ် နည်းမျိုး စုံဖြင့် ဖိနှိပ်ညှဉ်းပန်း မှုများနှင့် လူ့အခွင့် အရေး ချိုး ဖောက်မှု အခြေအနေ များကို အားလုံး သိရှိစေရန် ရည်ရွယ်၍ ဂီတ အနုပညာဖြင့် ပေါင်းစပ်ကာ ရေးစပ် သီဆိုထား သည့် နိုင်ငံရေး သီချင်းသစ်များ ဖြစ်ကြောင်း တေးသံရှင် ကာရန်က ပြောသည်။
“ကျနော် ဒီအခွေက ပထမဆုံး ဖြန့်ချီမယ့် အခွေပါ၊ စစ်အာဏာ ရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ် တွေကို ပြည်သူ လူထု တွေကြားမှာ ပိုမို သိရှိပြီး နိုင်ငံရေး အသိ စိတ်ဓါတ်တွေ နိုးကြား လာဖို့ ရည်ရွယ်ချက်နဲ့ ကျနော် တတ်နိုင်တဲ့ အနုပညာနဲ့ ပေါင်းစပ်ပြီး အုပ်တချပ် သဲတပွင့် အနေနဲ့ အာဏာရှင်ပြုတ် ကျရေး အတွက် တိုက်ပွဲဝင်တဲ့ သဘောပါ” ဟု တေးသံရှင် ကာရန်က ပြောသည်။
အဆိုပါ သီချင်းခွေတွင် သီချင်း ၁၀ ပုဒ်ပါဝင်ပြီး ကိုယ်တိုင်ရေးသားသည့် သီချင်းများဖြစ်ကာ (Mission Bank ) အဖွဲ့မှ ကယန်း လူငယ် များ က ပါဝင် ကူညီ တီးခတ် ပေးထား ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ လူငယ်တွေ အနေနဲ့ ဒီအခွေမှာ အကောင်းဆုံး ကြိုးစား သီဆို တီးခတ်ထား ပါတယ်၊ ဒီအခွေမှာ အားနည်း တာတွေ ရှိမယ် ဆိုရင်လည်း ဝေဖန်အကြုံပြုပေး ဖို့ကို ကျနော် တောင်းဆို ချင်ပါတယ်” ဟု ပြောသည်။
ပြည်ပမှ သီချင်း နားဆင်လိုသူများ အနေဖြင့် ဖုန်းနံပါတ် (+၆၆ ၈၉ ၆၈၂ ၅၃၆၆ ) နှင့် အီးမေးလ်လိပ်စာ ( kayanboy2010@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it ) သို့ မှာယူ နားဆင် နိုင်ပါသည်။
No comments:
Post a Comment