Tuesday, December 22, 2009

ဆိုင်ကယ်မစီးရအမိန့်ကြောင့် ရန်ကုန်ရဲများအခက်ကြုံ

ကောင်းဝါ

ရန်ကုန်တိုင်း၊ စည်ပင်နယ်နမိတ်အတွင်းလျှပ်စစ် ၀န်ထမ်း များမှအပ မည်သည် ၀န်ထမ်းအဖွဲ့အစည်းမျှ ဆိုယ်ကယ်မစီးရ အမိန့်ကြောင့်
ရန်ကုန်ရဲဝန်ထမ်းအသိုင်းအဝိုင်းတွင် မကြေမနပ်ဝေဖန်သံများ ထွက်ရှိနေသည်ဟု သိရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်း မော်တော်ဆိုင်ကယ်များစီးနင်းခြင်းကို ကန့်သတ်တားမြစ်ခဲ့ရာ ဆိုင်ကယ်များစီးနင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက နိုင်ငံပိုင်အဖြစ်သိမ်းယူသွားကာ စီးနင်းသူကိုလည်း အရေးယူမည်ဟု အမိန့်ထုတ်ထားသည်။

ရဲအသိုင်းအဝိုင်းမှပုဂ္ဂိုလ်တစ်ဦးက "နံနက်ပိုင်း၊ညပိုင်းတွေလိုင်းကြေး လိုက်တောင်းရတာ ခုဆိုယ်ကယ်မရှိတဲ့အတွက် အခက်အခက်အခဲတော်တော် ဖြစ်ရပါတယ်၊ အရင်က ဆီဆိုလဲ ၀ယ်ထည့်ရတာမဟုတ်ဘူး၊ ဆီမှောင်ခိုသမားတွေနဲ့ နှလုံးထီချဲသမားတွေက ဖန်တီးပေးခဲ့တယ်၊ ခုဆို
ဂျူတီသွားတာပဲဖြစ်ဖြစ် ၊တရာခံသွားဖမ်းတာပဲဖြစ်ဖြစ် ကိုယ်ဘာသာ
ကိုယ်ကားငှားသွားရ ၊ဆိုက်ကား ကားသွားရနဲ့ အိမ်အပြန်အိတ်မဖောင်းကြပါဘူး” ဟုဆိုပါသည်။
တနည်းအားဖြင့် ဆိုင်ကယ်စီးခွင့်မရှိသည့်အတွက် လိုင်းကားများနှင့် စက်ဘီးငှားစီးပြီး အကြံအဖန် လိုက်လုပ်နေကြသူသည့် ရဲများလည်းတွေ့ရှိနေရသည်။

အတည်မပြုနိုင်သော သတင်းတစ်ခုတွင် ရန်ကုန်တိုင်းရှိ ရဲအရာရှိများအတွက် ဆိုယ်ကယ် ၉၀ စီး ခွဲတမ်း ချပေးမည်ဟု သတင်းပြန့် နေသည်။ ဆိုင်ကယ်မစီးရ အမိန့်ကြောင့် ဆက်လက်အကောင်အထည်ဖေါ်နိုင်ရန် မလွယ်ကူသေးပေ။

ပြည်တွင်းသတင်းဌာနများဖေါ်ပြချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် ဌာနဆိုင်ရာဆိုင်ကယ် ၁၀၃၅ စီးအနက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ၃၂၀ စီးခန့်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၃၇၅ စီးခန့်လျော့ချစီးနင်းခွင့်ပြုခဲ့ပြီး နောက်ဆုံး ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ပိုင်းတွင် လိုအပ်ချက်အရ အမှတ် ၂ လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှဆိုင်ကယ် ၆၅ စီးသာ စီးနင်းခွင့်ရှိတော့သည်။

အခြားဌာနဆိုင်ရာ ဆိုင်ကယ်များအားလုံးသည် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်အတွင်းစီးနင်း ခွင့်မရှိတော့ကြောင်း သိရသည်။

No comments: