Monday, December 21, 2009

ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာဒေခ်ျ့သို့လာမည်

အငြင်းပွား နေသော ရေပြင် ပိုင်နက် ပြဿ နာကို ဖြေရှင်း ရန် မြန်မာ နိုင်ငံမှ ကိုယ်စား အဖွဲ့ တဖွဲ့သည် လာမည့်နှစ် ဇန္န၀ါရီလတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ လာ ရောက်မည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး အတွင်းဝန် Quayes က“ သူတို့ လာမယ့်နှစ် ဇန္န၀ါရီလ ဒုတိယပတ်မှာ ဒက္ကားကို လာရောက်ကြ ပါလိမ့်မယ်။ ရေပြင် ပိုင်နက် အငြင်းပွား မူကို ဖြေရှင်း နိုင်ရေး နည်းလမ်း တွေကို ရှာကြံ ကြပါ လိမ့်မယ်။” ဟု စနေနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလက စတင်ခဲ့သည်။ အဆိုပါ အငြင်းပွားမူကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက် ပျက်ပျားခဲ့ရပြီး နှစ်ဘက် နိုင်ငံမှ ရေတပ်သင်္ဘောများကို အငြင်းပွားရာ ရေပြင်ပိုင်နက်သို့ စေလွှတ်ခဲ့ရသည် အထိ ဖြစ်ခဲ့သည်။

“ ကျွန်တော်တို့က မြန်မာနဲ့ ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းမှာ ဖြစ်သလို တဘက်မှာလည်း ကုလသမဂ္ဂမှ တဆင့် ကျွန်တော်တို့ရဲ့ ရေပြင်ပိုင်နက်တွေကို ရရှိရေးအတွက် တရားသဖြင့် တိုက်ပွဲဝင်တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဘင်္ဂလာဒေခ်ျ့မှ ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် ကုလသမဂ္ဂကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းက တိုင်ကြားခဲ့သည်။

အဆိုပါ အမူကို ကုလသမဂ္ဂ၏ ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမူ ဖြေရှင်းပေးသော နိုင်ငံတကာ ရေပြင်ပိုင်နက်ဆိုင်ရာ ဥပဒေ ရေးရာ ခုံသမာပဓိအဖွဲ့ က လက်ခံထားလိုက်ပြီး ယခုလ ၁၄ ရက်နေ့က အမူဖိုင် အမှတ် (၁၆) ဖြင့် လက်ခံထားလိုက်သည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ဖေါ် ပြောကြားချက်အရ မြန်မာနှင့် အိန္ဒိယတို့သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံပိုင်ဆိုင်သည့် ရေပြင် အကွက် ၂၇ ခုထဲမှ ၁၉ ခုကို သူတို့ ပိုင်ဆိုင်ကြောင်း တရားဝင် ကျေညာထားသည်ဟု ဆိုသည်။

သို့အတွက် ယခု ဘင်္ဂလာဒေခ်ျ့ လက်ရှိအစိုးရမှ အဆိုပါ ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလသမဂ္ဂတွင် ဖြေရှင်းရန် တောင်းဆိုထားသည်။ ဖြေရှင်းမည့် ကာလမှာ အနည်းဆုံး ၄ နှစ်မှ ၅ နှစ်ထိ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။


No comments: