Saturday, December 26, 2009

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

ကျောင်းသားတဦး

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာ တိုက်နှင့် ပြန်မာ့အလင်း သတင်းစာ တိုက်တို့မှ လုပ်စားပွဲကြီးများပြီးခဲ့သော တနေ့က ကျွန်တော် သည် ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာ တိုက်နှင့် မြန်မာ့ အလင်း သတင်းစာ တိုက်တို့ထံ ကျွန်တော်တို့ အ.ထ.က (--) ကျောင်း မင်္ဂလာဒုံ အာစရိယ ပူဇော်ပွဲ အတွက် ကြော်ငြာ သွားရောက် ထည့်သွင်း ပေးပါရန် သွားရောက်ခဲ့ရာ ၄င်း သတင်းစာတိုက်၂ တိုက် တို့မှ ၀န်ထမ်း များသည် အသင်းပူဇော်ပွဲနှင့် အာစ၇ိယပူဇော်ပွဲ တပုဒ် လျှင် ငွေတစ်သောင်ူး ကျပ်နှုန်းဖြင့် တောင်းခံ နေပါသည်။ ထို့ကြောင့် သတင်းစာ တိုက် အတွင်းရှိ တာဝန်ရှိ သူလူကြီးများနှင့် ၀င်တွေ့ရာ တွင်လည်း ထိုနည်း၎င်း ဖြစ်နေ ပါသည်။

နေ့စဉ် မြန်မ့ာ အလင်းနှင့်ကြေးမုံ သတင်းစာ များတွင် ကြည့်ပါက အသင်း ပူဇော်ပွဲနှင့် အာစ၇ိယပူဇော်ပွဲ ကြော်ငြာ များပြားစွာ ပါဝင်နေသည် ကိုတွေ့ရပါမည်၊အဘယ့်ကြောင့် ဆိုသော် ထိုကဲ့သို့ (အခကြေးငွေရသော) လုပ်ငန်းများကိုသာ လုပ်နေသောကြောင့်ပင် ဖြစ်သည်။ဖြစ်သင့်သည်မှာ နိုင်ငံတော် သတင်းစာအနေဖြင့် ထိုကဲ့သို့လုပ်ရပ်မျိုး မလုပ်သင့်ပါ။

ထို့အပြင် ကြားသိခဲ့ရသည်မှာ (၄င်း ၀န်ထမ်းများပြောပြချက်အရ) ၄င်းတို့မှတဆင့် အထက်လူကြီးများအား အဆင့်ဆင့် ပေးကမ်းရသောကြောင့် နှင့် ထိုကဲ့သို့မှမပေးလျှင် ပို့ထားသော သတင်းများမှာ ပျောက်သွားကြောင်း ထို့ကြောင့် ထိုကဲ့သို့ ရယူရခြင်းဖြစ်ကြောင်း ပြောပြပါသည်၊

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးအရ လာဘ်ပေးလာဘ်ယူမှုများ ပေါများနေသည်ကို သိရှိသော်လည်း မန်နေဂျာကဲ့သို့ တာဝန်ရှိလူကြီးများ အနေဖြင့် ၀န်ထမ်းများ-- အထွေထွေလိုအပ်ချက်များကို ကြည့်ရှု စောင့်ရှောက်ပေးပါလျှင် --------- ၄င်းတို့ ကိုယ်တိုင်လည်း မှန်ကန် တိကျစွာ နိုင်ငံ့ တာဝန်ထမ်းဆောင်ပါလျှင်------

ခေတ်မီနိုင်ငံတော်ကြီးဖြစ်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

No comments: