Narinjara News 5/16/2009
မင်းဆက်ခိုင်(နိရဉ္စရာ) နေအိမ် အကျယ်ချုပ် ကျခံ နေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အား မေလ ၁၃ရက် နေ့က စစ်အစိုးရမှ သတ်မှတ် ထားသော စည်းမျဉ်း ဥပဒေများကို ချိုးဖေါက် သည်ဟု ဆိုကာ အင်းစိန်ထောင် အထူး တရားရုံတွင် နအဖ စစ်အ စိုးရမှ တရားစွဲ ဆိုလိုက်ခြင်း အပေါ် နိုင်ငံတကာ ခေါင်းဆောင်များက ပြင်းပြင်း ထန်ထန် ပြစ်တင် ရှုတ်ချ လိုက်သည်။
၎င်းအပြင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအဝင် ကမ္ဘာ့တဝန်း မှ နိုင်ငံ ခေါင်းဆောင်များ နှင့် အဖွဲ့အစည်း အသီးသီးမှ သူတို့၏ စိုးရိမ် မကင်းဖြစ်ရမူကို ဖေါ်ထုတ်ပြ သပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီး တရားစွဲ ဆိုခြင်းနှင့် ပတ်သက်င်္ပြီး သဘောထား များကို ထုတ်ပြန်ခဲ့ကြ သည်။
ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အား အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တော ၃ရက်ကြာ တိတ်တဆိတ် ဝင်ရောက် ခဲ့သည့် အတွက် မည်သူနဲ့ မျှ အဆက်အသွယ် မလုပ်ရဟု ဆိုသည့် စည်းမျဉ်း ကန့်သတ် ချက်ကို ချိုးဖေါက်သည် ဟုဆိုကာ ပုဒ်မ ၂၂နှင့် စစ်အ စိုးရမှ တရားစွဲ ဆိုခဲ့သည်။
ကုလအတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ ပြောရေး ဆိုခွင့်ရှိသူ မစ္စ မာရီအိုကပဲ က “ မတ်လ ၁၃ရက် နေ့က ဒေါ်အောင်ဆန်း စုကြည်အား ရာဇဝတ် မှုဖြင့် တရားစွဲဆို ချက်နှင့် အင်းစိန် ထောင်ပို့သည် ဆိုသည့် သတင်းကြောင့် အတွင်းရေး မှူးချုပ် အထူး စိုးရိမ်ကာ စိတ်မကောင်း ဖြစ်မိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ ရေးတွင် ဒေါ်စုသည် မရှိမဖြစ် အရေးကြီး သလို အမျိုးသား ရင်ကြား စေ့ ရေး ဖြစ်စဉ် များကို ဟန့်တား မည့် ပြုမူ များကို စစ်အစိုးရ အနေနဲ့ ရှောင်ကြည်ဖို့ တိုက်တွန်း ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရေး အတွက် ပါဝင် လုပ်ဆောင် နေသူများကို လွတ်လွတ် လပ်လပ် ဆောင်ရွက်ပိုင်ခွင့် ရှိမှသာလျှင် မြန်မာနိုင်ငံ အနာဂတ်သည် ကောင်းမွန် တည်ငြိမ် လာမည်ဖြစ် ကြောင်း။” မစ္စ မာရီအိုကပဲက ပြောဆို ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တေးနားကလည်း ယခု လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် ၁၉၇၅ခုနှစ်က မြန်မာအစိုးရမှ ထုတ်ပြန်ခဲ့သော နိုင်ငံတော် ကာကွယ်စောင့်ရှောက်မှု ဥပဒေနှင့်လည်း ဆန့်ကျင်နေကြောင်း ပြောကြားသည်။
ဥရောပသမဂ္ဂ (အီးယူ)၊ Amnesty International အဖွဲ့ကြီးအပြင် ဗြိတိန်ဝန်ကြီးချုပ် ကလည်းဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်မကင်းဖြစ်ရကြောင်း၊ သက်ဆိုင် သူတွေအားလုံး ပါဝင်ခွင့်ရသော အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကို စတင်ဖို့နှင့် ဒေါ်စုကို ချက်ချင်း ပြန်လွတ် ပေးဖို့ကို တိုက်တွန်း တောင်းဆိုခဲ့သည်။
၎င်းအပြင် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်နှင့် တွေ့ဆုံရန် ရောက်ရှိနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖါ အာမန်တို့ ပူတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မစ္စကလင်တန်က “ဒေါ်အောင်ဆန်းစုကြည်အား တရားမျှတမှုမရှိသည့် စွဲချက်များနှင့် တရားစွဲဆိုသည့် သတင်းအတွက် အထူး စိုးရိမ်မကင်းဖြစ်သလို စိတ်မကောင်းဖြစ်မိကြောင်း၊ စစ်အစိုးရသည် ယခုကဲ့သို့ ဖြစ်ရပ်ကို အသုံးချကာ ဒေါ်စုအား ဆက်လက်ပြီး ထိန်းချုပ်ဖို့ လုပ်ဆောင်ချက်အား ကန့်ကွက်ကြောင်း၊ နေအိမ်အကျယ်ချုပ် ၆နှစ်သက်တမ်း ပြည့်ရန် များမလိုတော့သည့် အချိန်တွင်ဖြစ်သောကြောင်း ဒေါ်စုအား ချက်ချင်း အကန့်သတ်မရှိ လွတ်ပေးရန် တောင်းဆိုပါကြောင်း” ပြောကြားသည်။
ဒေါ်အောင်းဆန်စုကြည်အား အင်းစိန်ထောင် တရားရုံးတွင် ရုံထုတ်သည့်အချိန်တွင် အဖွဲ့ချုပ် ဝင် လူငယ်များနှင့် ပြည်သူ ၂၀၀ ခန့် ထောင်ရှေ့အား သွားရောက်ခဲ့ကြောင်းနှင့် ယခုအခါ အင်းစိန်ထောင် အနီး တ၀ိုက်တွင် လုံခြုံရေးများ အပြည့်ချထားသည်ဟု ပြည်တွင်းက လာသော သတင်းများအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်အောင်ဆန်းစုကြည် ကူညီစောင့်ရှောက်နေသူ အမျိုးသမီးနှစ်ဦးနှင့် ဒေါ်စုအိမ်ထဲကို ၀င်ရောက်သူ အမေရိကန်တို့အား လာမည့် ၁၈ ရက်နေ့တွင် အင်းစိန်ထောင် တရားရုံးတွင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။
No comments:
Post a Comment